စာအုပ်နှင့်သီချင်းlink: မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ ========================================= မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချဲလ်ဆီး ကွင်းလယ်လူ နီမန် ဂျာမာတစ် ကို ခေါ်ယူနိုင် ဖို့ အလွန် နီးစပ် နေပြီလို့ သတင်းထွက် ပေါ်နေပါတယ် ။ ချဲလ်ဆီး အ နေဖြင့် ဘာကာယိုကို ကို ခေါ်ယူပြီးပါက မာတစ် ကို ယူနိုက်တက် ထံ ရောင်းထုတ် လိမ့်မယ် လို့ မန်ချက်စတာ ည နေခင်းသတင်းစာက ဖော်ပြသွားခဲ့ပါတယ် ။

Search This Blog

Tuesday, June 27, 2017

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ ========================================= မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချဲလ်ဆီး ကွင်းလယ်လူ နီမန် ဂျာမာတစ် ကို ခေါ်ယူနိုင် ဖို့ အလွန် နီးစပ် နေပြီလို့ သတင်းထွက် ပေါ်နေပါတယ် ။ ချဲလ်ဆီး အ နေဖြင့် ဘာကာယိုကို ကို ခေါ်ယူပြီးပါက မာတစ် ကို ယူနိုက်တက် ထံ ရောင်းထုတ် လိမ့်မယ် လို့ မန်ချက်စတာ ည နေခင်းသတင်းစာက ဖော်ပြသွားခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

=========================================

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချဲလ်ဆီး ကွင်းလယ်လူ နီမန် ဂျာမာတစ် ကို ခေါ်ယူနိုင် ဖို့ အလွန် နီးစပ် နေပြီလို့ သတင်းထွက် ပေါ်နေပါတယ် ။ ချဲလ်ဆီး အ နေဖြင့် ဘာကာယိုကို ကို ခေါ်ယူပြီးပါက မာတစ် ကို ယူနိုက်တက် ထံ ရောင်းထုတ် လိမ့်မယ် လို့ မန်ချက်စတာ ည နေခင်းသတင်းစာက ဖော်ပြသွားခဲ့ပါတယ် ။

မာတစ် သာ ယူနိုက်တက် ကို ရောက် ရှိလာခဲ့ပါက တစ် ပတ် ပေါင် ၁၅၀၀၀၀ ခန့်ဖြင့် စာချုပ် ချုပ် ဆိုဖို့ ရှိ နေတယ် လို့ ကြားသိရပါတယ် ။

ဒါပေမယ့် သတင်းအချို့မှာတော့ မာတစ် ဟာ ယူနိုက်တက် အတွက် တတိယ ဦးစားပေးကွင်းလယ်လူ သာဖြစ်ပြီး အဲရစ် ဒိုင် ယာ နဲ့ ရိုးမားကွင်းလယ်လူ နိုင် ဂိုလန် တို့ကို ပိုမို စိတ် ၀င် စားကြောင်း တယ် လီဂရပ် သတင်းစာက ဖော်ပြသွားခဲ့ပါတယ် ။

အင် တာမီလန် တောင် ပံ ကစားသမား ပါရီဆစ် နဲ့ ပတ်သက်ပြီး ယူနိုက်တက် တို့ လက် လွှတ် ရဖို့ ရှိ နေပြီလို့ သိရပါတယ် ။ UEFA ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီနိုင် ဖို့ ကြိုးစားနေတဲ့ အင် တာမီလန် ဟာ ယူရို သန်း ၃၀ အနည်းဆုံး လိုအပ် နေတာကြောင့် ပါရီဆစ် ရဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ကို လျော့ချပေးဖို့ အစီအစဉ် မရှိတာကြောင့် အ ပြောင်းအ ရွှေ့ ဖြစ် လာဖို့ မလွယ် ကူဘူးလို့ သိရပါတယ် ။

ယူနိုက်တက် နဲ့ ရီးရဲမက်ဒရစ် အသင်းတို့က တော့ မိုရာတာ ရဲ့ အ ပြောင်းအ ရွှေ့ကိစ္စတွေကို ပြန် လည် လုပ် ဆောင် နေပြီလို့ သိရပါတယ် ။ မိုရာတာ ဟာပြီးခဲ့တဲ့ အပတ် အတွင်းက မင်္ဂလာဆောင် ခဲ့တာကြောင့် အ ပြောင်း အ ရွှေ့ကိစ္စတွေကို ခေတ္တရပ်နားထားခဲ့ရတာဖြစ် ပါတယ် ။

PSG အသင်းဟာ ယူနိုက်တက် က ပစ် မှတ် ထားနေတဲ့ မိုနာကို ကစားသမား ဖာဘင် ဟို နဲ့ပတ်သက်ပြီး စုံစမ်းမှုတွေပြုလုပ် လာခဲ့တယ် လို့ ကြားသိရပါတယ် ။

ယူနိုက်တက် ဟာ ရီးရဲ ကွင်းလယ်လူ ဟားမက် ရိုဒရီဂွက် နဲ့ ပတ်သက် လို့လည်း သ ဘောတူညီထားပြီးဖြစ် တယ် လို့ Diario Gol သတင်းစာမှာ ဖော်ပြသွားခဲ့ပါတယ် ။

စပါး အသင်းတိုက် စစ် မှုး ဟယ် ရီကိန်း အတွက် ပေါင် သန်း ၁၀၀ ဆိုတာဟာ ဟာသပြက် လုံးတစ် ခုဖြစ် လိမ့်မယ် လို့ စပါးဘက် က ဆိုသွားခဲ့ပါတယ် ။ လက် ရှိဈေးကွက် အရ ဟယ် ရီကိန်း ဟာ ပေါင် သန်း ၂၀၀ တန်ကြေးရှိတယ် လို့ စပါးဘက် က ဆိုသွားခဲ့ပါတယ် ။

“ကျွန်တော် ဂိုးတွေသွင်းရတာ ၊ ဂိုးဖန် တီးရတာတွေကို နှစ် သက် ပါတယ် ။ နောက် ရာသီမှာ ကျွန်တော် အခုထက် ပိုကောင်းလာအောင်ကြိုးစားသွားမှာပါ”
#မစ်ခီတာရမ်

“အန်တိုနီမာရှယ် ဟာ ကျွန်တော့အတွက် အ ရေးပါတဲ့ ကစားသမားဖြစ် နေဦးမှာပါ ။ ဒါပေမယ့် သူ့အ နေနဲ့ ကျွန်တော် အရမ်း သ ဘောကျတဲ့ အရာတွေကို ယူဆောင်ပေးနိုင် ဖို့လည်း လိုအပ် တယ် ဆိုတာကို သိထားရမှာပါ”
#ဟိုဆေးမော်ရင်ဟို

No comments:

Post a Comment