စာအုပ်နှင့်သီချင်းlink: ကိုလံဘီယာသင်္ဘောမြှုပ် လူအများအပြား ပျောက်ဆုံး

Search This Blog

Monday, June 26, 2017

ကိုလံဘီယာသင်္ဘောမြှုပ် လူအများအပြား ပျောက်ဆုံး

ကိုလံဘီယာသင်္ဘောမြှုပ် လူအများအပြား ပျောက်ဆုံး

ကိုလံဘီယာနိုင်ငံ Medellin မြို့အနီးက ခရီးသွားဧည့်သည်တွေ အလာများတဲ့ Penol-Guatape ရေလှောင်ကန် ကြီးထဲမှာ ခရီးသည် ၁၇၀ လိုက်ပါလာတဲ့ အထပ်လေးထပ်ပါ ကူးတို့သင်္ဘော တနင်္ဂနွေနေ့တုန်းက နစ်မြှုပ်ခဲ့တာကြောင့် လူ ၆ ယောက် သေဆုံးပြီး ၃၁ ယောက် ပျောက်ဆုံး နေဆဲပဲလို့ ကိုလံဘီယာ အစိုးရအရာရှိတွေက ပြောပါတယ်။

လူ ၉၉ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး အယောက် ၄၀ ကတော့ သူတို့ဖာသာ ရေကူးပြီး ဘေးလွတ်ရာ ထွက်ပြေး လွတ်မြောက်ခဲ့ကြတယ်လို့ Antioquia ခရိုင် ရဲ့ သဘာဝဘေး အန္တရာယ် တုံ့ပြန်ကိုင်တွယ်ရေးအဖွဲ့ အကြီးအကဲ Margarita Moncada က သတင်းထောက်တွေကို ပြောပါတယ်။ နစ်မြှုပ်တဲ့ သင်္ဘောရှိရာကို တခြား အပျော်စီးသင်္ဘောတွေနဲ့ Jet ski ရေမော်တော်ဘုတ်တွေ အလျင်အမြန် ရောက်လာပြီး သင်္ဘောထဲက လူတွေကို ဆွဲယူကယ်တင် ပေးခဲ့ပါတယ်။

လေတပ် လေယာဉ်မှူးတွေနဲ့ မီးသတ်တပ်ဖွဲ့တွေ အပါအ၀င် ကယ်ဆယ်ရေး အဖွဲ့တွေကလည်း အသက်ရှင် ကျန်ရစ်သူတွေကို ကယ်တင်နိုင်ဖို့ ကြိုးစား ရှာဖွေနေကြပါတယ်။ သင်္ဘာဟာ ၀န်ပိုတင်လို့ နစ်မြှုပ်တာမျိုး ဖြစ်ပုံမရဘူးလို့ သင်္ဘောနစ်မြှုပ်တဲ့ နေရာကို ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့တဲ့ ကိုလံဘီယာသမ္မတ Juan Manuel Santos က ပြောပါတယ်။ Almirante သင်္ဘော.. ဘာကြောင့် နစ်မြှုပ်ခဲ့ရသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အသက်ရှင်ကျန်ရစ်သူ တချို့ကတော့ သင်္ဘော မနစ်မြှုပ်ခင် ဆူဆူညံညံ အသံတွေ သူတို့ ကြားခဲ့ရတဲ့အကြောင်း ပြောပါတယ်။ ဒီကနေ့ တနင်္လာနေ့ဟာ ကိုလံဘီယာနိုင်ငံမှာ အားလပ်ရက်နေ့ ဖြစ်တာကြောင့် ရေလှောင်ကန်နဲ့ အနီးအနားက မြို့မှာ ဒီရက်ပိုင်း လည်ပတ်သူတွေနဲ့ စည်ကားနေတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

No comments:

Post a Comment