စာအုပ်နှင့်သီချင်းlink: ကျဆုံးနိုင်ငံ မြန်မာတွေ ဖြစ်တော့မလား -နေဇင်လတ်

Search This Blog

Thursday, June 29, 2017

ကျဆုံးနိုင်ငံ မြန်မာတွေ ဖြစ်တော့မလား -နေဇင်လတ်

............  ��  " ကျဆုံးနိုင်ငံ မြန်မာတွေ ဖြစ်တော့မည်လား ?* "
                        ********************************              
                                                   (၂)


        ကျဆုံးနိုင်ငံဖြစ်ရန် ညွှန်းကိန်းတချို့ကို သတိထားမိကြရန် လိုသည်။ ကဏ္ဍ (၃) ခုအောက် အခြေအနေများသည် ကျဆုံးနိုင်ငံတစ်ခု၏ညွှန်းကိန်းများ ဖြစ်သည်။

▪️Social Indicators

(1) Mounting Demographic Pressure.
(2) Massive movement of refugees or internally displaced  
      persons creating complex Humanitarian Emergencies.
(3) Legacy of Vengeance-seeking group, grievance or group
      paranoia.
(4) Chronic and sustained human flight.

▪️Economic Indicators

(5) Uneven economic development along group lines.
(6) Sharp and / or severe economic decline.

▪️Political Indicators

(7) Criminalization and / or Delegitimization of State.
(8) Progressive Deterioration of Public Service.
(9) Suspension or Arbitrary application of rule of law and
      widespread violation of human rights.
(10) Security apparatus operates as a "State within a State".
(11) Rise of factionalized elites.
(12) Intervention of other states or external political actors.

             အခြားကဏ္ဍများ ရှိနေပါသေးသော်လည်း မြင်ရန်လွယ်သော လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး ကဏ္ဍ (၃) ခုတွင် ကျဆုံးနိုင်ငံ၏ လက္ခဏာ (၁၂) ချက်ကို ဖော်ပြထားပါသည်။

              မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို နှိုင်းယှဉ်လေ့လာလျှင် အံ့ဩဖွယ်ရာ ကောင်းလှစွာ အနည်းဆုံး (၁ဝ) ချက်သည် မငြင်းနိုင်လောက်အောင် ထပ်တူဖြစ်နေသည်ကို တွေ့ရပါလိမ့်မည်။ တစ်ခုချင်း ပြင်းအား မည်မျှရှိသည့်အပေါ်တွင်သာ အနည်းငယ် ကွာခြားပါ၏။

�� လူမှုရေးကဏ္ဍတွင် အထူးသဖြင့် ရခိုင်ဒေသ၌

(၁) ဘင်္ဂါလီတို့၏ လူဦးရေပေါက်ကွဲမှုဖြင့် တိုးပွားကာ ဖိအားဖြစ်လာ
      သည်၊

(၂) ဒုက္ခသည်များ ရွှေ့ပြောင်းလာမှု၊ မိမိနိုင်ငံအတွင်း ရွှေ့ပြောင်းကြ
      သူများ၏ ရှုပ်ထွေးသော လူသားဆိုင်ရာ အရေးပေါ်အခြေအနေများ၊  
      (လှိုင်သာယာ၏ ကျူးကျော်များ၊ သာကေတ၊      မင်္ဂလာတောင်ညွန့်
       စသည်တို့ရှိ နိုင်ငံသားမဟုတ်သူများ)၊

(၃) လက်တုံ့ပြန်မှု၊ လက်စားခြေမှု၊ နာကြည်းမှုတို့မှာ များစွာမပြင်းထန်
      သေး၊

(၄) ကြီးမားသော အရေအတွက်ဖြင့် လူအုပ်ကြီးများ ရွှေ့ပြောင်းမှု မရှိ
      သေးပါ၊ သို့သော်လည်း       တဖြည်းဖြည်း စိမ့်ဝင်လာမှုမှာ နေ့စဉ်
      အမျှ ဖြစ်ပါ၏။

�� စီးပွားရေးကဏ္ဍတွင်

(၅) အပေါ်လွှာ၊ အောက်ခြေလူတန်းစားတို့ကြား ကွာဟချက်မှာ များစွာ
      ကြီးမားလာသည်ကို တွေ့ရ ပြီး၊ အောက်ခြေလူတန်းစားတို့၏ ရပ်
      တည်နိုင်ရေး များစွာခက်ခဲလာခဲ့သည်ကို တွေ့နိုင်သည်၊

(၆) မြန်မာ့စီးပွားရေးသည် (၈. ၅)% တိုးတက်မှုရှိရာမှ ယခုဘတ်ဂျက်  
      နှစ်တွင် (၆. ၅)% သို့ ကျဆင်း မည်ဟု ကမ္ဘာ့ဘဏ်က ကြိုတင်မှန်းဆ
      ထုတ်ပြန်ခဲ့သည်၊ ထို (၆. ၅)% သည် လူတန်းစား အသီးသီးသို့
      သက်ရောက်မှုမရှိဘဲ အောက်ခြေလူတန်းစားတို့ ကောင်းစွာမခံစား
      ကြရချေ။

�� နိုင်ငံရေးကဏ္ဍတွင်

(၇) ရာဇဝတ်မှုများ တစ်ဟုန်ထိုး တိုးတက်လာခြင်းသည် သိသာမြင်သာ
      လှ၏။

(၈) ပြည်သူ့ရေးရာဝန်ဆောင်မှု ယိုယွင်းလာသည်၊ အထူးသဖြင့် လွှတ်  
      တော်ကိုယ်စားလှယ်တစ်ဦး၏ “မင်းတို့ … ငါတို့ ထားရာနေ၊ ကျွေး
      တာစား” ဟူသောစကားရပ်အပေါ် မကျေနပ်သော ပြည်သူ တို့ စုရုံး
      ဆန္ဒပြသည့်ဗီဒီယိုကလစ်ကို ကြည့်ခဲ့လိုက်ရ၏။

(၉) Rule of Law သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးစခဲ့သော လွန်
      ခဲ့သည့် (၅) နှစ်ကထက် များစွာထိပါးခြင်း ခံလိုက်ရသည်၊ ပုဒ်မ
      ၆၆(ဃ) ဖြင့် အရေးယူခံလိုက်ရသော အရေအတွက် သည် တစ်နှစ်
      ထဲ (၅ဝ) ကျော် ဖြစ်ခဲ့သည်၊ လွန်ခဲ့သော (၅) နှစ်တစ်လျောက်လုံး
      (၇) ဦးသာ ရှိခဲ့၏။

             (၁. ၆. ၁၇) နေ့က လူမှုကွန်ယက်တွင် မြင်ရသောမြင်ကွင်းသည် Rule of Law ကို ကြီးမားစွာ စိန်ခေါ်ခဲ့သည့်မြင်ကွင်းဟု သတ်မှတ်နိုင်သည်၊ တရားခွင်တွင် ရှေ့နေက တရားသူကြီး ကို ဖိနပ်ဖြင့်ပေါက်ရသည့် အဖြစ်မျိုးသည် ပထမဦးဆုံးသောမြင်ကွင်း ဖြစ်ကောင်း ဖြစ်ပါလိမ့် မည်။
လုံခြုံရေးတာဝန်ရှိသူတို့ကို ရာဇဝတ်သားများမှ ပြန်လည်တိုက်ခိုက်ခြင်း၊ အချို့သော ရပ်ကွက်များတွင်းသို့ လုံခြုံရေးတာဝန်ရှိသူများကို အဝင်မခံခြင်း၊ စသည့်ဖြစ်ရပ်များမှာ Rule of Law များစွာ ယိုယွင်းနေသည့် သရုပ်သကန်များ ဖြစ်ပါ၏။

(၁ဝ) မြန်မာနိုင်ငံမြောက်ဖျားမှ လက်နက်ကိုင်တပ်ဖွဲ့များ၊ ရခိုင်ဒေသမှ
        အချို့သောနယ်မြေများ၊ အချို့  သောနေရာဒေသများသို့ ဗဟိုမှအာ
        ဏာစက် များစွာမတည်တော့ပါ၊ ဤသည်မှာ နိုင်ငံတစ်ခု အတွင်း
        နိုင်ငံငယ်များ ဖြစ်တည်သကဲ့သို့ဖြစ်ရပ်ပင် ဖြစ်ပါသည်။

(၁၁) ယနေ့ မြန်မာနိုင်ငံတွင်း လူမျိုး၊ ဘာသာ၊ နိုင်ငံရေးပါတီ စသည်
        တို့မှာ သိသိသာသာ ကွဲပြားနေ ကြသည်၊ “စစ်ခွေးအုပ်စု”
        “ငှက်အုပ်စု” “ဖွတ်အုပ်စု” ဟုပင် အုပ်စုခွဲ တစ်ဖက်နှင့်တစ်ဖက်
         ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်ကို လူမှုကွန်ယက်တွင်
         တွေ့ရပါလိမ့်မည်။

(၁၂) နောက်ဆုံးအချက်က များစွာအရေးကြီးပါ၏။ မြန်မာနိုင်ငံကဲ့သို့
        အင်အားမပြည့်ဝသေးသော နိုင်ငံမျိုးကို OIC, UN, CIA, မလေး
        ရှား, EU စသော ပြင်ပနိုင်ငံများ၊ အဖွဲ့အစည်းအသီးသီး မှ အခါမ
        လပ်ပေးနေသော ဖိအား၊ ဝင်ရောက်စွက်ဖက်မှုများသည် များစွာ
        သတိထားရမည့် အချက်ဖြစ်သည်၊ မည်သည့် နိုင်ငံရေးပါတီများ
        ပြည်ပထောက်ပံ့ငွေ မည်မျှရရှိနေကြသည်၊ ဒေါ်လာသန်း ဘယ်နှစ်  
        ဆယ်ရရှိပြီး မည်သူတို့ ပါတီတည်ထောင်ကြတော့မည် ဟူသည့်  
        သတင်း များမှာ နိုင်ငံတကာတို့၏ ကြီးမားသော ဝင်ရောက်စွက်
        ဖက် မှု ဖြစ်သည်၊

             အထက်ပါ ကဏ္ဍ (၃) ခုအောက် ပညာရှင်များ သတ်မှတ်ထားသည့် (၁၂) ချက်ကို လေ့လာကြည့် လျှင် မြန်မာနိုင်ငံသည် (၁ဝ) ချက်လောက်၌ ထင်ရှားစွာပြည့်စုံနေပြီး၊ ကျန် (၂) ချက်သည်ပင် လွတ်ကင်း သည်မဟုတ်ချေ၊ ဆိုရလျှင် “ကျဆုံးနိုင်ငံ” တစ်ခုဖြစ်ရန် ညွှန်းကိန်း (၁၂) ခုလုံးကို မြန်မာနိုင်ငံမှာ တွေ့နေ ရပြီဟူ၍ ယေဘုယျ ကောက်ချက်ချနိုင်ပါလိမ့်မည်။

.
.
��  "  ကျဆုံးနိုင်ငံအချို့ "
           ************

           လွန်ခဲ့သော (၁ဝ) နှစ်ဟူသည့် ဆယ်စုနှစ်တစ်ခုအတွင်း တစ်ခဏတည်းနှင့် ကျဆုံးနိုင်ငံများ အဖြစ် ပြောင်းလဲသွားသည့် နိုင်ငံအချို့မှာ …

Ten Top Failed States (2006)

( 1 ) Sudan               (112.3)
( 2 ) The ORC          (110.1)
( 3 ) Côte d' Ivorie   (109.2)
( 4 ) Iraq                   (109.0)
( 5 ) Zimbabwe        (108.9)
( 6 ) Chad                 (105.9)
( 7 ) Somalia             (105.9)
( 8 ) Haiti                   (104.6)
( 9 ) Pakistan            (103.1)
(10) Afghanistan      (  99.8)


           ကျဆုံးနိုင်ငံလက္ခဏာများဖြင့် တိုင်းတာက အထက်ပါနိုင်ငံများကို Failed State အဖြစ် သတ်မှတ်ခဲ့ပါသည် (www.foreignpolicy.com)


            သို့သော်လည်း အချို့နိုင်ငံ၌ အစိုးရတစ်ရပ် ကောင်းစွာတည်ရှိနိုင် ဆဲ ဖြစ်သည်၊ အချို့နိုင်ငံများ မှာမူ ရှုပ်ထွေးလှသော ပြည်တွင်းစစ်များ ဖြစ်ပွားလျက်ရှိပြီး၊ ဘတစ်ပြန်ကျားတစ်ပြန် အခြေအနေ ဖြစ်သည်၊ အချို့နိုင်ငံများတွင်မူ နိုင်ငံကြီးများ၏ စစ်တပ်များပင် ဝင်ရောက်ခဲ့ပြီး စစ်ဆင်ရေးများတွင် ပါဝင်လာခဲ့သည့်အဆင့် ဖြစ်သည်၊ နိုင်ငံတစ်ခုလုံး ပျက်ပြားသွားသည့်အဆင့်နှင့် ထိုသို့ပျက်ပြားသွားရန် တာစူနေသော နိုင်ငံများဟု ခွဲခြားနိုင်ပါသည်။

           လုံးဝပျက်ပြားသွားသောနိုင်ငံကို (Collapsed State) ဟု သတ်
မှတ်ပါ၏။ Failed State အင်္ဂါရပ်များပြည့်စုံပြီး ပြင်းအားဒီဂရီလုံလောက်ပါလျှင် Collapsed State အဖြစ်ရောက်ရှိကာ အခြားနိုင်ငံများက မိမိတို့၏နယ်မြေကို ဝင်ရောက် သိမ်းပိုက်လိုက်သည်အထိ ဖြစ်လေ့ရှိပါ၏။

.
.
�� " ဘာကြောင့် ကျဆုံးနိုင်ငံအဖြစ် အရောက်မခံနိုင်ရသလဲ "
         ******************************************

          မြန်မာနိုင်ငံ၏ အတိတ်သမိုင်းကို လေ့လာလျှင်ပင် အဖြေတွေ့နိုင် ပါ၏။ ကမ္ဘာ့သမိုင်းတွင်လည်း အထင်အရှားရှိနေပါ၏။ အတိတ်သမိုင်းတွင် မြန်မာတို့ သူတစ်လူ၊ ငါတစ်မင်းဖြင့် မညီညွတ်ခဲ့ကြ၊ ကိုလိုနီ နယ်ချဲ့လိုသောသူတို့၏ စိတ်ကြိုက်အခြေအနေကို သူတို့က မဖန်တီးရဘဲ ကိုယ်ကပင် အဆင်သင့် ဖြစ်နေ စေခဲ့သည်၊ သို့နှင့် အောက်မြန်မာနိုင်ငံ ဦးစွာ အင်္ဂလိပ်တို့လက်အောက် ကျရောက်ခဲ့သည်၊ ထို့နောက် အထက်မြန်မာနိုင်ငံပါ ကျဆုံးသွားပြီး တစ်နိုင်ငံလုံး သူ့ကျွန်ဖြစ်ခဲ့သည်၊


          ၁၉၄၈-တွင် လွတ်လပ်ရေး ပြန်ရခဲ့သည်၊ ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်တို့ စစ်ထောင်းခဲ့၍ ကိုလိုနီနယ် အများအပြားကို မလွှဲသာဘဲ စွန့်လွှတ်ရချိန်ဖြစ်လာခြင်းက မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်း ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းကို များစွာအထောက်အပံ့ ဖြစ်စေခဲ့သည်၊ လွတ်လပ်ရေးနှင့်အတူ ရောင်စုံ လက်နက်ကိုင်အဖွဲ့များ မွေးဖွားလာသည်၊ အစိုးရဘက်က မည်မျှအားနည်းသွားခဲ့သည်ဆိုသော် “ရန်ကုန် အစိုးရ” ဟု အခေါ်ခံခဲ့ရလောက်အောင်ပင် ဖြစ်ခဲ့သည်၊ လက်နက်ကိုင်များဘက်မှ အင်းစိန်အထိပင် လာရောက်ထိန်းချုပ်နိုင်ခဲ့သည့် အခြေအနေဖြစ်သည်။

           ထိုစဉ်အချိန်က အခြေအနေသည် “အစိုးရ-ဆန့်ကျင်သူ” တိုက်ပွဲမှာ အစိုးရရုံးစိုက်ရာမြို့ကြီးများအထိ ဖြစ်ပွားသည်ဖြစ်ရာ ပြည်တွင်းစစ်ဟု သတ်မှတ် သော် ရနိုင်ပါလိမ့်မည်၊ ယခုအခြေအနေမှာမူ ပြည်တွင်းစစ်အခြေအနေ မဟုတ်တော့ပါချေ။

          သို့သော်လည်း နိုင်ငံတစ်ခုသည် Conflict ဟူသော ပဋိပက္ခ၊ ထိုမှတဆင့် မြင့်တက်လာလျှင် Crisis ဟူသောအဆင့်၊ Crisis သည် တစ်ကဏ္ဍတည်းမဟုတ်တော့ဘဲ ကဏ္ဍစုံဖြစ်ပေါ်လာပါက Total Crisis ဟူသောအခြေအနေအထိ တဖြည်းဖြည်း မြင့်တက်လာကာ ထိုမှတဆင့် Weak State ၊ ထိုမှတဖန် Failed State အဖြစ် ကူးပြောင်းလာရသည့်သဘော ရှိပါ၏။

           ယနေ့ မြန်မာနိုင်ငံသည် ကဏ္ဍစုံတွင် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသဖြင့် Total Crisis နီးပါးမျှ ဖြစ်လာပြီဟု ဆိုနိုင်သည်၊ အကျပ်အတည်း၏ ပြင်းထန်မှုဒီဂရီ မြင့်မားလာလျှင်၊ သို့မဟုတ် အခြေအနေတစ်ရပ်ရပ်က တွန်းပို့ လာခဲ့လျှင် Failed State အဖြစ် ကူးပြောင်းသွားပါသည်၊ ကဏ္ဍစုံအကျပ်အတည်းမှာ Weak State ၏ ယေဘုယျလက္ခဏာဖြစ်သဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် Weak State လက္ခဏာကို ကောင်းစွာခံယူထားလျက် Failed State အဝန်းအဝိုင်းတွင်း စတင်ချဉ်းနင်းနေပြီဟု ယေဘုယျ သုံးသပ် နိုင်ပါ၏။

             Failed State လက္ခဏာ ပြည့်စုံခဲ့ပါလျှင် … ကာကွယ်စရာ များစွာနည်းပါးသွားခဲ့ပါပြီ၊ မြောက်ပိုင်းတွင် အင်အားတောင့်တင်းသော လက်နက်ကိုင်များ ရှိထားနှင့်ပြီး ဖြစ်သည်၊ ရခိုင်ဒေသသည် အားမနာတမ်း ဝေဖန်ရလျှင် တစ်ဝက်တစ်ပျက် ကျဆုံးနေသော အခြေအနေဖြစ်၏။

             အချို့ ကရင်၊ မွန်၊ တနင်္သာရီဘက်များတွင်လည်း သူ့အဖွဲ့နှင့်သူ ထိန်းချုပ်ထားသော နေရာများစွာက ရှိနေနှင့်ပြီး ဖြစ်သည်၊ ထိုအခြေအနေများသည် အစိုးရအားနည်းသည်၊ တပ်မတော်အားနည်းလာသည်နှင့် တစ်ပြိုင်နက်ထဲ သံစုံဖြင့် ကပြကြပါလိမ့်မည်၊ ထိုသောအခါ ပြည်တွင်းစစ်ဟူသော Civil War သည် ဇာတ်မတိုက်ပါဘဲနှင့် အလိုလို ဖြစ်လာပါလိမ့်မည်၊ ထိုအခြေအနေများသို့ တဖြည်းဖြည်း တွန်းပို့ထားသည့် INGO အများအပြား လည်း ပြည်တွင်း၌ အခြေချနေရာယူထားပြီး၊ ပြည်တွင်းနိုင်ငံသားအချို့ကို စည်းရုံးလှုံ့ဆော်ထားပြီး ဖြစ်ပါ၏။

             မြန်မာနိုင်ငံသည် အထက်ပါမြင်ကွင်းများအတိုင်း လက်ရှိအခြေအနေအမှန် ဖြစ်ပါ၏။ “စိုးရိမ် တတ်ရန်ကော” ဟုဆိုချင်သူများက ဆိုနိုင်ပါသည်၊ “သရဲမမြင်ဘူးကြသေးသူများ” ဟုသာ ပြန်၍တုံ့ပြန်ရပါ လိမ့်မည်၊ ကမ္ဘာ့အဖြစ်အပျက်ကို စေ့ငုစွာ မလေ့လာကြသေးသူများကတော့ ခပ်ပေါ့ပေါ့ တွေးကြပါလိမ့် မည်။

(ဆက်ရန်)

ပုံ..... ခရက်ဒစ်

နေဇင်လတ်
(၂-၆-၁၇) (၁၈၆၉)

No comments:

Post a Comment