စာအုပ်နှင့်သီချင်းlink: အလွတ်ကျက်နည်းဖြင့် မသင်ဘဲ အရည်အသွေးရှိစာမေးပွဲများပြောင်းလဲကျင်းပမည်ဟု ပညာရေးဝန်ကြီးပြောကြား ..!

Search This Blog

Monday, June 26, 2017

အလွတ်ကျက်နည်းဖြင့် မသင်ဘဲ အရည်အသွေးရှိစာမေးပွဲများပြောင်းလဲကျင်းပမည်ဟု ပညာရေးဝန်ကြီးပြောကြား ..!

အလွတ်ကျက်နည်းဖြင့် မသင်ဘဲ အရည်အသွေးရှိစာမေးပွဲများပြောင်းလဲကျင်းပမည်ဟု ပညာရေးဝန်ကြီးပြောကြား ..!

အလွတ်ကျက် မှတ်နည်းဖြင့် သင်ကြားတော့မည် မဟုတ်ကြောင်းနှင့် အရည်အ သွေးရှိသည့် စာမေးပွဲများအဖြစ်ပြောင်းလဲ ကျင်းပမည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။

နေပြည်တော်တွင် ဇွန်လ ၂၀ရက်ကကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အမျိုးသား ပညာရေးမူဝါဒကော်မ ရှင်၏ ၂၀၁၆ အောက်တိုဘာမှ ၂၀၁၇ ဧပြီအထိ ခြောက်လတာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်ပတ်သက် ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းစဉ် ယင်းသို့ပြောကြားသည်။

‘‘ကျောင်းသားများအတွက် အလွတ်ကျက်မှတ်နည်းများဖြင့် သင်ကြားခြင်းမဟုတ်ဘဲ ကျောင်း သားများ ပျော်ပျော်ရွှင်ရွှင် အချင်း ချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စူးစမ်းလေ့လာပြီး သင်ယူရသည့် သင်ယူသူ ဗဟိုပြုနည်းလမ်းများ ကို ထည့်သွင်းရေးသားထားတဲ့အ တွက် ကျောင်းသားများ သင်ယူရာ တွင် ဝန်ထုပ်ဝန်ပိုး မရှိနိုင်ပါ ကြောင်းနှင့် ဘာသာရပ်လျှော့ချ ရန် လိုအပ်ခြင်းမရှိပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်’’ဟု ဒေါက်တာမျိုးသိမ်းကြီးက ပထမ တန်းသင်ရိုးသစ် ဘာသာရပ် လျှော့ချသင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ဆွေးနွေးချက်နှင့်ပတ်သက်ပြီး ပြောကြား သည်။

ပညာရည် စစ်ဆေးအကဲ ဖြတ်ခြင်း၊ စာမေးပွဲများကျင်းပ ခြင်းနှင့်ပတ်သက်ပြီး အခြေခံ ပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ပြီးမြောက်ကြောင်း စာမေးပွဲများကို ပြင်ပစာစစ်အဖွဲ့ များဖြင့် အရည်အသွေးရှိသည့် စာမေးပွဲများဖြစ်အောင် ပြောင်း လဲ လုပ်ဆောင်သွားရမည်ဟု ပညာရေးဝန်ကြီးက ပြောသည်။

‘‘အခြေခံပညာ အဆင့် ကျောင်းသားများရဲ့ သင်ယူတတ် မြောက်မှုကို စစ်ဆေးအကဲဖြတ် ခြင်းနဲ့ စပ်လျဉ်းပြီး ခိုင်မာတဲ့ မူဝါ ဒများ ချမှတ်နိုင်ဖို့ ရည်ရွယ်ပြီး ကနဦးအဆင့်အနေနဲ့ မူလတန်း အဆင့် ပညာရည်စစ်ဆေး အကဲ ဖြတ်ခြင်းဆိုင်ရာ အညွှန်းဘောင် မူကြမ်းကို ကော်မရှင်က ပြုစု လျက်ရှိပါကြောင်း တင်ပြအပ်ပါ တယ်’’ဟု ၎င်းကပြောသည်။

အမျိုးသားပညာရေး မဟာ ဗျူဟာ စီမံကိန်းကို ထိရောက် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန် အရေးကြီးသော လေ့ လာကြီးကြပ်အကဲဖြစ်သည့် အ ရည်အသွေးမီစနစ် တည်ထောင် ရေးနှင့် အဆင့်လိုက် လေ့လာကြီး ကြပ် အကဲဖြတ်ရေးလုပ်ငန်းများ မြင့်မားရေးကို မြန်မာ့ပညာရေး အရည်အသွေးမြင့်မားရေးအစီ အစဉ်ဖြင့် ဆောင်ရွက်မည်ဟု ပညာရေးဝန်ကြီးက ပြောကြား သည်။

အဆိုပါအစီအစဉ်ကို သြ စတြေးလျနိုင်ငံ အစိုးရအကူအညီဖြင့် ပညာရေးဝန်ကြီးဌာနက စတင် အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟု ပြော ကြားသည်။

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကို ၂၀၁၆-၁၇ ပညာသင်နှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ အထိ နှစ်အလိုက် အစီ အစဉ်များ ချမှတ်လုပ်ဆောင်မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မှ သိရသည်။

ပညာရေးဝန်ကြီးဌာနအနေ ဖြင့် အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမများ၏ သင်ကြားမှု အရည်အသွေး မြင့်မားရေးအ တွက် ၂,၀၀၀ ပြည့်နှစ်ကစ၍ ဆရာ၊ဆရာမများကို ကလေးဗဟိုပြုချဉ်းကပ်မှုဆိုင်ရာ သင်ကြားနည်းစနစ် (Child Center Approach- CCA)သင်တန်းများဖွင့်လှစ် လေ့ကျင့်ပေးခဲ့သော် လည်း သင်ရိုးညွှန်းတမ်းများကို အနည်းငယ်သာ ပြင်ဆင်ခဲ့သည်။

စနစ်သစ် KG+12 သင်ရိုး ညွှန်းတမ်းများကိုမူ ကျောင်းသား ကိုယ်တိုင် ပါဝင်သင်ယူနိုင်သည့် ပုံစံဖြင့် သင်ရိုးညွှန်းတမ်းမူဘောင် ရေးဆွဲပြဋ္ဌာန်းပြီး ၂၀၁၆-၁၇ ပညာသင်နှစ်ကစ၍ သူငယ်တန်း တွင်လည်းကောင်း၊ ယခု ၂၀၁၇- ၁၈ ပညာသင်နှစ်၌ ပထမတန်း တွင်လည်းကောင်း ယင်းသင်ရိုး သစ်များဖြင့် သင်ကြားလျက်ရှိ သည်။

Credit : 7Day Daily

No comments:

Post a Comment