စာအုပ်နှင့်သီချင်းlink: အီဒ်ပိတ်ရက်အတွက် မာရ၀ီတွင် လူသားချင်းစာနာမှု့ဆိုင်ရာ အပစ်အခတ်ရပ်စဲခြင်း ( ၈ ) နာရီကြာခွင့်ပြုခဲ့။ တောင်ပိုင်းဒေသတွင် အကြမ်းဖက်မှု့တိုက်ဖျက်ရေးထိုးစစ်တစ်ရပ် ဖိလစ်ပိုင်တပ်မတော်ဆင်နွှဲပြီ။ ဖိလစ်ပိုင် နိုင်ငံအတွင်း ဂျီဟဒ်ဝါဒီပြည်ပစစ်သွေးကြွ ၁’၂၀၀ ရောက်ရှိနေဟုဆို။ အီဒ်ပွဲကာလတိုက်ခိုက်မှု့များဖြစ်နိုင်ကြောင်း လူမှု့ကွန်ယက်တွင် သတင်းပြန့်နှံ့ ************************************************

Search This Blog

Monday, June 26, 2017

အီဒ်ပိတ်ရက်အတွက် မာရ၀ီတွင် လူသားချင်းစာနာမှု့ဆိုင်ရာ အပစ်အခတ်ရပ်စဲခြင်း ( ၈ ) နာရီကြာခွင့်ပြုခဲ့။ တောင်ပိုင်းဒေသတွင် အကြမ်းဖက်မှု့တိုက်ဖျက်ရေးထိုးစစ်တစ်ရပ် ဖိလစ်ပိုင်တပ်မတော်ဆင်နွှဲပြီ။ ဖိလစ်ပိုင် နိုင်ငံအတွင်း ဂျီဟဒ်ဝါဒီပြည်ပစစ်သွေးကြွ ၁’၂၀၀ ရောက်ရှိနေဟုဆို။ အီဒ်ပွဲကာလတိုက်ခိုက်မှု့များဖြစ်နိုင်ကြောင်း လူမှု့ကွန်ယက်တွင် သတင်းပြန့်နှံ့ ************************************************

အီဒ်ပိတ်ရက်အတွက် မာရ၀ီတွင် လူသားချင်းစာနာမှု့ဆိုင်ရာ အပစ်အခတ်ရပ်စဲခြင်း ( ၈ ) နာရီကြာခွင့်ပြုခဲ့။ တောင်ပိုင်းဒေသတွင် အကြမ်းဖက်မှု့တိုက်ဖျက်ရေးထိုးစစ်တစ်ရပ်  ဖိလစ်ပိုင်တပ်မတော်ဆင်နွှဲပြီ။ ဖိလစ်ပိုင် နိုင်ငံအတွင်း ဂျီဟဒ်ဝါဒီပြည်ပစစ်သွေးကြွ ၁’၂၀၀ ရောက်ရှိနေဟုဆို။ အီဒ်ပွဲကာလတိုက်ခိုက်မှု့များဖြစ်နိုင်ကြောင်း လူမှု့ကွန်ယက်တွင် သတင်းပြန့်နှံ့
************************************************

( ဇွန်- ၂၆၊ ၂၀၁၇ ) ရာမဒန်ဥပုသ်ပြီးဆုံးခြင်း အီဒ်ပွဲတော်ပိတ်ရက်ကာလ အကြမ်းဖက်မှု့များကိုဖြိုခွင်းရန်အထူးစစ်ဆင်ရေးတစ်ရပ်ကို ဖိလစ်ပိုင်တပ်မတော်က စတင်လိုက်ကြောင်း ယမန်နေ့ ရုရှားတူဒေးသတင်းဌာနက ရေးသားဖော်ပြသည်။

ဘာသာရေးအစွန်းရောက်များသိမ်းပိုက်ခြင်းခံရသည့် မာရ၀ီမြို့တွင် တနင်္ဂနွေနံနက် ၆-နာရီမှစတင်၍ အီဒ်ပွဲတော်ကာလ လူသားချင်းစာနာမှု့အဖြစ် ဖိလစ်ပိုင်တပ်မတော်က ( ၈ ) နာရီကြာ အပစ်အခတ်ရပ်စဲထားခဲ့သည်။ ထိုနောက်ပိုင်း အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ ဖိလစ်ပိုင်တောင်ပိုင်းနယ်မြေများတွင် ဒူတာတေးအစိုးရ က အထူးစစ်ဆင်ရေးတပ်ရပ်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဆို၏။

ဘာသာရေးအရ လူသားချင်းစာနာကြောင်း လုံလောက်သောအချိန်ပေးပြသခဲ့ပြီးနောက်  ဒေသခံများ၏ အသက်အိုးအိမ်စည်းစိမ်အား ကာကွယ်စောင့်ရှာက်ရန်စစ်ဆင်ရေးတပ်ရပ်လိုအပ်သည်ဟု ဖိလစ်ပိုင်တပ်မတော်ကဆုံးဖြတ်ကြောင်း စစ်ဖက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူကပြောကြားသည်။

သို့သော် ခေတ္တအပစ်အခတ်ရပ်စဲထားစဉ်ကာလအတွင်း မာရ၀ီမြို့နှင့်နီးစပ်ရာ ဗလီများတွင် ၀တ်ပြုသူမတွေ့ရကြောင်း ရိုက်တာသတင်းဌာနကဖော်ပြသည်။ ကိုတာဘာတိုနှင့် ဆိုင်သီနာမြို့တွင် ယမန်နေ့ညနေပိုင်းမှစ၍ ယာဉ်အသွားအလာမပြုရန်တားမြစ်ထားပြီး အသံချဲ့စက်အသုံးပြု၍ ဘာသာရေးကြွေးကြော်သံရွတ်ဖတ်ခြင်းမပြုရန်တားမြစ်ထားသည်။ မာရ၀ီမှ ၃၅-ကီလိုမီတာသာဝေးသော အီလီဂန်တွင် မြို့နေအချင်းချင်း လာမည့်အီဒ်ပွဲ ကာလအတွင်း တစ်စုံတစ်ခုဖြစ်နိုင်ကြောင်း မိုဘိုင်းဖုန်းဖြင့် စာတိုပေးပို့ခြင်း၊ လူမှု့ကွန်ရက်အသုံးပြု၍ သတင်း ပေးမှု့များရှိနေသည်။

ယမန်နေ့ထိ အသေဖမ်းဆီးရမိသော စစ်သွေးကြွများတွင်နိုင်ငံခြားသားဟု ယူဆရသူ ၁၀-ဦးပါဝင်ကြောင်းဖိလစ်ပိုင်စစ်ဖက်ကပြောဆိုသည်။ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာန၏ ကနဦးသတင်းများအရမူ ဖိလစ်ပိုင်နိုင်ငံအတွင်း ဂျီဟဒ်ဝါဒီပြည်ပစစ်သွေးကြွ ၁’၂၀၀ ရောက်ရှိနေကြောင်းဖော်ပြခဲ့သည်။

သို့သော် ဖိလစ်ပိုင်အကြမ်းဖက်မှု့တိုက်ဖျက်ရေးအဖွဲ့စာရင်းတွင် မနီလာမြို့တော်အပါအ၀င်၌ မင်ဒါနာအိုအနီးတစ်ဝှိုက် ပြည်ပဘာသာရေးအစွန်းရောက်ဂျီဟဒ်ဝါဒီ ၃၀၀ မျှသာ ရှိနေခဲ့သည်။  တရားမ၀င်စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်လာရောက်သူများမဟုတ်လျှင် ပြည်ပဂျီဟဒ်ဝါဒီတို့သည် ဘာသာရေးတရားဟောဆရာအသွင်ဖြင့် ရှိနေမည်ကို စိုးရိမ်ဖွယ်ဖြစ်သည်ဆို၏။

https://www.rt.com/news/393983-philippines-marawi-ceasefire-holiday/

http://www.philstar.com/headlines/2017/06/25/1713433/military-observe-humanitarian-pause
Copy from Htay oung

No comments:

Post a Comment