စာအုပ်နှင့်သီချင်းlink: European ​ရွှေတံဆိပ်​ဆု Medal Of Catherine The Great ​ ရွှေတံဆိပ်​ဆုများ ချီးမြှင့်ခြင်း ခံရ

Search This Blog

Tuesday, June 27, 2017

European ​ရွှေတံဆိပ်​ဆု Medal Of Catherine The Great ​ ရွှေတံဆိပ်​ဆုများ ချီးမြှင့်ခြင်း ခံရ

International Academy Of Natural History မှ
Doctor Of Science ဘွဲ့
����������������������������������

European ​ရွှေတံဆိပ်​ဆု

Medal Of Catherine The Great 
ရွှေတံဆိပ်​ဆုများ ချီးမြှင့်ခြင်း ခံရတဲ့အတွက်

အမိမြန်မာနိုင်ငံတော် နှင့်
အမိ စစ်တက္ကသိုလ်ရဲ့ ဂုဏ်ကို
မြှင့်တင်ပေးနိုင်ခဲ့တဲ့
စာပေ သူရဲကောင်းတစ်ယောက်
ပညာရှင် တစ်ဦး ပေါ်ထွက်လာခဲ့ပါတယ်။

ယခုလို စွမ်းဆောင်နိုင်မှုအတွက်လည်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
ဂုဏ်ထူးဆောင်လက်မှတ် ချီးမြင့်​ခဲ့ပါတယ်။

ထိုထို ပုဂ္ဂိုလ်ကတော့
စစ်တက္ကသိုလ်
အမှတ်စဉ် (၄၅) ဗိုလ်လောင်းသင်တန်း
အောင်ဆန်းတပ်ခွဲမှ
ဗိုလ်​မှူး ​ဇော်​ရဲ​အောင်​ ပဲ ဖြစ်ပါတယ်။

ဗိုလ်မှူး ဇော်ရဲအောင်ဟာ အရာရှိ ဖြစ်မှ
ကောက်ရိုးမီးပမာ ထပြီး ကြိုးစားခဲ့လို့
ထွန်းတောက်ခဲ့တဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ခဲ့ပါဘူး။

စစ်တက္ကသိုလ် ဗိုလ်လောင်းဘဝ ပထမနှစ်မှ
နောက်ဆုံးနှစ်တိုင်အောင် စာပေပညာပိုင်းမှာ
ကြိုးစားခဲ့သလို
လေ့ကျင့်ရေးပိုင်း
ခေါင်းဆောင်မှုပိုင်း
အုပ်ချုပ်မှုပိုင်းများမှာလည်း
ကြိုးစား အားထည့်မှုများကြောင့်
ပထမနှစ် တပ်ခွဲတာဝန်ကျ ဗိုလ်လောင်းမှသည်
နောက်ဆုံးနှစ် ဗိုလ်လောင်းတပ်ခွဲမှူး အဆင့်ထိ တာဝန်များကို ပေးအပ်ခံရပြီး
တာဝန်ကျေပွန်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

ယနေ့အချိန်အခါမှာတော့
သူ့ရဲ့ မဆုတ်မနစ် ကြိုးစားမှုများဟာ
အရာထင်လာခဲ့ပြီး
ကမ္ဘာ့အဆင့် တက္ကသိုလ်ကြီးများရဲ့
အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်မှုများ ရရှိခဲ့ပါတယ်။

အခုလို အောင်မြင်မှုအတွက် လွယ်ကူစွာ
လျှောက်လှမ်းခဲ့ရတာ မဟုတ်ပါဘူး။
စာတမ်းပေါင်း ၄၀ ကျော်ကို အင်္ဂလိပ်လိုရော ရုရှားလိုပါရေးသားထုတ်ဝေခဲ့ရပါတယ်။

- ပြင်သစ်နိုင်ငံ အခြေစိုက် Airbus ကုမ္ပဏီကဦးစီးပြုလုပ်တဲ့ ဗြိတိန်နိုင်ငံ Glyndwr University မှာပြုလုပ်နေတဲ့ International Conference on Advanced Composite and Materials Technologies for Arduous Applications မှာ  သုတေသနစာတမ်းကို ကိုယ်တိုင်သွားရောက်ဖတ်ကြားခဲ့ရပါတယ်။ သုတေသနရလဒ်တွေကို အဲဒီ Airbus ကုမ္ပဏီက သုတေသနစင်တာကို  စာတမ်း တင်သွင်းခဲ့ပါတယ်။

- နောက် တရုတ်နိုင်ငံ Harbin Institute of Technology မှာလုပ်တဲ့ Sino-Russian Symposium on Advanced Materials and Processing Technology မှာလည်း စာတမ်းတင်သွင်း ဖတ်ကြားခဲ့ရပါတယ်။

- ရုရှားနိုင်ငံ မော်စကို၊ စိန့်ပီတာစဘတ်၊ ကရိုင်းမီးယား၊ ကာလုဂါ ၊ ဘယ်လာရုစ်နိုင်ငံ မင့်စ် မှာလုပ်တဲ့ နိုင်ငံတကာစာတမ်းဖတ်ပွဲတွေမှာ စာတမ်းတွေ တင်သွင်းနိုင်ခဲ့တာကြောင့်

European Scientific and Industrial Consortium ကနေ

သိပ္ပံပညာရပ်နယ်ပယ်မှာ ဖွံ့ဖြိုးတိုးတတ်အောင် ကိုယ်အားစိတ်အားဖြင့် ကြိုးစားလုပ်ဆောင်မှု၊

Theoritical Model အသစ်များတီထွင်နိုင်မှု၊ လက်တွေ့အသုံးချနိုင်သူများကို ချီးမြှင့်တဲ့

Medal Of Catherine The Great ၊ 
Gold medal "European Quality"၊
The degree of Doctor of Science, honoris causa နဲ့
Professor of Russian Academy of Natural History ဘွဲ့တွေကို ချီးမြှင့် ပေးအပ်ခဲ့တာပါ..

- အထူးသဖြင့်တော့ ကမ္ဘာမှာ ပထမဆုံးပြုလုပ်ကျင်းပတဲ့ ပြိုင်ပွဲကြီး ဖြစ်တဲ့ Composite Battle World Cup Kazan 2016 မှာ လက်ရှိပညာသင်နေတဲ့ Department of Rocket and Spacecraft Composite Structures ဌာနက ပါရဂူတစ်ယောက်၊ မာစတာ ရထားတဲ့ မြန်မာ့တပ်မတော် အရာရှိတွေနဲ့ ပူးပေါင်းပြီး

Defence Services
Technological Academy Team အမည်နဲ့ ၀င်ပြိုင်ခဲ့တာမှာ  မောင်းသူမဲ့ ယာဉ်ငယ်ကို သတ်မှတ်တဲ့အချိန်အတွင်း ဒီဇိုင်းတွက်ချက်ကာ အရည်အသွေးမှီ ထုတ်လုပ်နိုင်ခဲ့လို့ ပါဝင်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံကြီးတွေက ပညာရှင်ပေါင်းများစွာကိုကျော်ဖြတ်ပြီး Composite Manufacturing Technology Award ကို ရခဲ့ပါသေးတယ်...

(*  Defence Services Technological Academy Team လို့ အမည်ပေးရတာက ဗိုလ်မှူး ဇော်ရဲအောင် မှ အပ ကျန်တဲ့ ပညာရှင်များ အားလုံးက တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းဆင်းများဖြစ်ပါတယ်။ မြန်မာအသင်းကလွဲရင် ကျန်တာတွေက တက္ကသိုလ်၊ စက်ရုံအလုပ်ရုံတွေက သုတေသန စင်တာတွေက ကျောထောက်နောက်ခံ အင်အား တောင့်တင်းစွာနဲ့
လာပြိုင်ကြတာပါ)...

- ဒီ ဒီပလိုမာရတာကို ပိုဂုဏ်ယူစရာ ကောင်းလှပါတယ်..ဘာလို့လဲဆို ကိုယ့်နိုင်ငံ အလံကို ကိုင်ပြီး ကမ္ဘာ့ အဆင့်မှာ ပြိုင်ရင်း ရလာတာမို့ပါ...အပေါ်ကဆုတွေက စွမ်းဆောင်နိုင်မယ်သာဆိုရင်တော့ တစ်ဦးချင်းလည်း ရနိုင်ပါတယ်..

ဒါတွေတင် မက နောက်ထပ်လည်း အီတလီနိုင်ငံ၊ မီလန်မြို့၊ Politecnico Di Milano တက္ကသိုလ်တွင် ဥရောပအာကာသအေဂျင်စီ ESA  ကကျင်းပပြုလုပ်တဲ့ 7th European Conference for Aeronautics and Space Sciences မှာ စာတမ်းသွားဖတ်ဖို့ပြင်ဆင်နေပါတယ်..

အမှတ်စဉ် (၄၅) ဗိုလ်လောင်းသင်တန်းဆင်း
ဗိုလ်မှူး ဇော်ရဲအောင် ဟာ

အမိ စစ်တက္ကသိုလ် ရဲ့ ဂုဏ်ကို
မြှင့်တင်နိုင်ရုံသာ မကဘဲ
နိုင်ငံတော် နဲ့ တပ်မတော်ရဲ့ ဂုဏ်ရောင် ကို
ကမ္ဘာ့အလယ်မှာ
ထွန်းပြောင်စေခဲ့ပြီ ဖြစ်ပါကြောင်း
မှတ်တမ်းတင် ဂုဏ်ပြု
ရေးသားတင်ပြအပ်ပါတယ် ခင်ဗျာ....

ZawMin Htwe

No comments:

Post a Comment