စာအုပ်နှင့်သီချင်းlink: အခုနှစ် အခြေခံပညာကျောင်းတွေမှာ စာမေးပွဲလေးကြိမ်သာစစ်ဆေးဖို့ လျာထား

Search This Blog

Thursday, June 29, 2017

အခုနှစ် အခြေခံပညာကျောင်းတွေမှာ စာမေးပွဲလေးကြိမ်သာစစ်ဆေးဖို့ လျာထား

Credit
အခုနှစ် အခြေခံပညာကျောင်းတွေမှာ စာမေးပွဲလေးကြိမ်သာစစ်ဆေးဖို့ လျာထား
29-6-2017
အခု ၂၀၁၇ ခုနှစ် ပညာသင်နှစ်မှာ အခြေခံပညာကျောင်းတွေမှာ စာမေးပွဲလေးကြိမ်သာ စစ်ဆေးဖို့ လျာထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက သိရပါတယ်။
‘လကုန် အစည်းအဝေးပြီးမှ သိရမယ်၊ စာမေးပွဲအကြိမ်ရေ လျှော့ချမယ်လို့ တော့ ပြောတယ်၊ ဘယ်နှကြိမ်ဖြစ်မလဲဆိုတာတော့ မသိရသေးဘူး၊  လေးကြိမ်ဖြစ်ဖို့ တော့ လျာထားတယ်” လို့ ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးက ဒုတိယညွှန် ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့ က ပြောပါတယ်။

ပညာသင်နှစ်ရဲ့ ဇူလိုင်လ၊ အောက်တိုဘာလ၊ ဒီဇင်ဘာလနဲ့ ဖေဖော်ဝါရီလစတဲ့လတွေမှာ စာမေးပွဲစစ်ဆေးမှာဖြစ်ပြီး ဇူလိုင်လနဲ့ ဒီဇင်ဘာလမှာ   ပြုလုပ်တဲ့ စာမေးပွဲတွေကတော့ အခန်းဆုံးစစ်ဆေးတဲ့ စာမေးပွဲဖြစ်ပြီး group work ပုံစံနဲ့ စစ် ဆေးမှာ ဖြစ်ပါတယ်။

ယခုနှစ်ဝက်ဆုံး စာမေးပွဲကိုတော့ အောက်တိုဘာလထဲမှာ ပြုလုပ်မှာဖြစ်ပြီး ဒုတိယနှစ်ဝက်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလထဲမှာ ပြုလုပ်မှာဖြစ်ပါတယ်။ မူလတန်းအဆင့် စတုတ္ထတန်းနဲ့ အလယ်တန်းအဆင့်အဋ္ဌမတန်း စာမေးပွဲတွေကိုလည်း အဲသည်လထဲမှာပဲ ပြုလုပ်မယ်လို့ သိရပါတယ်။

ကုစားသင်ကြား
******************
သတ်မှတ်ထားတဲ့လတွေမှာ အခန်း ဆုံးစစ်ဆေးတာတွေ ပြုလုပ်ပြီးပါက ဘာ သာရပ်အလိုက် အားနည်းတဲ့သူတွေကို ကုစားအနေနဲ့ ဖြည့်ဆည်းသင်ကြားပေးရ မှာဖြစ်ပါတယ်။

အခြေခံပညာစတုတ္ထတန်းနဲ့ အဋ္ဌမ တန်းတွေ အတန်းတင်စာမေးပွဲတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် မေးခွန်းတွေနဲ့ ပြီးခဲ့တဲ့ ၂၀၁၄ – ၂၀၁၅ ပညာသင်နှစ်က စတင်စစ်ဆေးခဲ့ပြီး စာမေးပွဲ ကျရှုံးသူတွေကို ပြန်လည်ကုစားစနစ်ကျင့်သုံးခဲ့ ပြီး ၂၀၁၅ – ၂၀၁၆ ပညာသင်နှစ်မှာ ပြန် လည်ကုစားစနစ်မရှိကြောင်း ကြေညာခဲ့ပြီး အောင်စာရင်းထုတ်ပြန်ပြီးတဲ့အခါမှာ စာမေးပွဲကျရှုံးသူတွေကို နောက်ဆက်တွဲ ဖြည့်ဆည်းစာမေးပွဲ နာမည်နဲ့ ကုစားစစ်ဆေးတဲ့ အစီအစဉ်ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Kumudra

No comments:

Post a Comment