စာအုပ်နှင့်သီချင်းlink: လန်ဒန် အီဒ်ပွဲတော်လူအုပ်အတွင်း ကားဖြင့် ဒလကြမ်းဝင်တိုက်၊ ၆-ဦး ဒါဏ်ရာရရှိ။ ကားမောင်းသူအမျိုးသမီး ရဲဖမ်းဆီးထား။

Search This Blog

Sunday, June 25, 2017

လန်ဒန် အီဒ်ပွဲတော်လူအုပ်အတွင်း ကားဖြင့် ဒလကြမ်းဝင်တိုက်၊ ၆-ဦး ဒါဏ်ရာရရှိ။ ကားမောင်းသူအမျိုးသမီး ရဲဖမ်းဆီးထား။

လန်ဒန် အီဒ်ပွဲတော်လူအုပ်အတွင်း ကားဖြင့် ဒလကြမ်းဝင်တိုက်၊ ၆-ဦး ဒါဏ်ရာရရှိ။ ကားမောင်းသူအမျိုးသမီး ရဲဖမ်းဆီးထား။
******************************************
လန်ဒန်မြို့တွင် အီဒ်ပွဲတော်ကျင်းပနေသော လူအုပ်အတွင်း ကားဖြင့် ဒလကြမ်းဝင်တိုက် ခြင်းကြောင့် လူအများအပြားဒါဏ်ရာရရှိသွားကြောင်း ယနေ့နိုင်ငံတကာသတင်းမီဒီယာများတွင် အရေးကြီး စက်ရပ်သတင်းအဖြစ်ဖော်ပြသည်။
ဒေသစံတော်ချိန် နံနက် ၀၉း၁၄ နာရီတွင် လန်ဒန်နယူးကာဆဲလ်အားကစားကွင်းအပြင်ဖက် အနောက်ဖက်ဂိတ်ဝအနီး ပလက်ဖောင်းပေါ်သွားလာနေသော လူအုပ်အတွင်း ကားဖြင့်ဝင်တိုက်ခြင်းကြောင့် လူ ၆-ဦးဒါဏ်ရာရရှိ ခဲ့ရာ ကလေးတစ်ဦးပါဝင်သည်ဆို၏။
အရှိန်မထိန်းနိုင်သောကြောင့် ကားတိုက်မှု့ဖြစ်ရသည်ဟု ထင်မှတ်ရသော်လည်း အဆိုပါဖြစ်ရပ်ကြောင်း အသက် ၄၂-နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားသည်။
အခင်းဖြစ်ပွားစဉ်အဆိုပါနေရာ၌ အီဒ်ပွဲတော်အတွက် ရာနှင့်ချီသောသွားလာသူများရှိနေခဲ့သည်။ ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား ခေတ္တပိတ်ထားစဉ် လူအများ နေရာမှထွက်ခွာသွားကြကိုတွေ့မြင်ရကြောင်းသတင်းများတွင်ဖော်ပြသည်။
http://www.bbc.com/news/uk-england-tyne-40397028

No comments:

Post a Comment