တစ်လအတွင်း ရခိုင်ပြည်နယ်သတင်းများ
..........................................................
(ဇွန် - ၁)
မောင်တောမြို့နယ်၌ အကြမ်းဖက်သင်တန်း
တက်ရောက်ခဲ့သူနှစ်ဦးနှင့် မသင်္ကာသူများအား ဖမ်းဆီးရမိ။
မောင်တောမြို့နယ် ရေတွင်းပြင် ကျေးရွာ
အုပ်ချုပ်ရေးမှူးတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပွား။
(ဇွန် - ၃)
မောင်တောမြို့နယ်၌ လမ်းလျှောက်စကားပြောစက်
အလုံး ၄၀ သိမ်းဆည်းရမိ။
တောင်ကုတ်မြို့နယ်၌ တရားမ၀င်သွားရောက်သူ
သုံးဦးနှင့် လိုက်ပါပို့ဆောင်သူအား ဖမ်းဆီးရမိ။
(ဇွန် - ၄)
မောင်တောနှင့်မင်းပြားမြို့နယ်တို့၌ မသင်္ကာသူ
၂ ဦးဖမ်းဆီးရမိ။
(ဇွန် - ၅)
ကျီးကန်းပြင်အလယ်ရွာနေသူ ၁ ဦးပျောက်ဆုံး။
မောင်တောမြို့နယ် ဂေါ်ဒူသာရကျေးရွာအုပ်စု၊
ရွာသစ်ကေကျေးရွာမှ ရာအိမ်မှူးတစ်ဦးအသတ်ခံရ။
(ဇွန် - ၆)
အကြမ်းဖက်သမားများနှင့် ပါဝင်ပတ်သက် ဆက်နွယ်မှုရှိကြောင်း သံသယရှိသူ ၁ ဦး ဖမ်းဆီးရမိ။
(ဇွန် - ၈)
မောင်တောမြို့နယ်၌ ပုဇွန်ကန်စောင့်နေသူ ၁ ဦးအား မျက်နှာဖုံးစွပ်ထားသူ ၂၅ ဦးမှ ဖမ်းဆီးခေါ်ဆောင်။
(ဇွန် - ၉)
အမည်မသိသူ ၃ ဦးမှ ဒေသခံ စက်လှေတစ်စီးအား ဓါးပြတိုက်။
မောင်တောမြို့နယ် ဂေါ်ဒူသာရကျေးရွာအုပ်စု၊
ရွာသစ်ကေကျေးရွာမှ ရာအိမ်မှူး အသတ်ခံရမှုနှင့်
ပတ်သက်၍ ဆက်စပ်တရားခံ ဖမ်းဆီးရမိ။
(ဇွန် - ၁၀)
ရာအိမ်မှူးအသတ်ခံရမှုနှင့်ပတ်သက်၍
ဆက်စပ်တရားခံဖမ်းဆီးရမိ။
(ဇွန် - ၁၁)
ဘူးသီးတောင်မြို့နယ် ၌ ကျေးရွာသား ၁ ဦးပျောက်ဆုံး။
မောင်တောမြို့နယ်၌ BD ပြေး (၁)ဦး ဖမ်းဆီးရမိ။
(ဇွန် - ၁၂)
မောင်တောမြို့နယ် ရှီတာရွာသား (၁)ဦး အသတ်ခံရ။
(ဇွန် - ၁၄)
မောင်တောမြို့နယ်၌ မသင်္ကာသူ (၃) ဦး ဖမ်းဆီးရမိ။
(ဇွန် - ၁၅)
မြန်မာရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာသည့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂) ဦး ဖမ်းဆီးရမိ။
(ဇွန် - ၁၆)
အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ တရားခံ(၁)ဦးသေဆုံး။
(ဇွန် - ၁၇)
ဘူးသီးတောင်မြို့နယ်၌ အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သူ ၁ ဦး ထပ်မံဖမ်းဆီးရမိ။
ဂေါင်ညာကျေးရွာသား ၁ ဦး အသတ်ခံရ။
(ဇွန် -၂၁)
ဘူးသီးတောင်- မောင်တောဒေသ မေယုတောင်ကြောပေါ်၌
အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသည့် နေရာများ တွေ့ရှိ။
(ဇွန် - ၂၂)
ဘူးသီးတောင်မြို့နယ် တင်ဆက်ကျေးရွာ၌ မသင်္ကာသူ ၅ ဦးဖမ်းဆီးရမိ။
(ဇွန် - ၂၄)
မောင်တောမြို့နယ် ပဒင်းကျေးရွာအုပ်စု ခေါင်းတကာရွာ ရာအိမ်မှူးအသတ်ခံရ။
မောင်တောမြို့နယ် တရိန်ကျေးရွာ၌ ရခိုင်တိုင်းရင်းသား
၎ ဦးအား အကြမ်းဖက်သမားများက
ဓားဖြင့်ဝိုင်းခုတ်မှုဖြစ်ပွား၊ ၂ ဦးပျောက်ဆုံး။
(ဇွန် - ၂၅)
ပျောက်ဆုံးနေသူ တရိန်းကျေးရွာသား ၂ ဦးအနက် ၁ ဦးအားသေဆုံးလျက်ပြန်လည်တွေ့ရှိပြီးမြို့သူကြီးကျေးရွာသား ၁ ဦးအသတ်ခံရ။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေး
ကော်မတီမှ သတင်းခေါင်းစည်းများအား
စုစည်းထားခြင်းဖြစ်ပါသည် )
Credit >> Aung Myint Than
No comments:
Post a Comment