စာအုပ်နှင့်သီချင်းlink: တရုပ်-အိန္ဒိ နယ်စပ်အရေးတင်းမာ၊ အာရှစစ်ပွဲသစ်အတွက် စိုးရိမ်မှု့ မြင့်တက်

Search This Blog

Wednesday, June 28, 2017

တရုပ်-အိန္ဒိ နယ်စပ်အရေးတင်းမာ၊ အာရှစစ်ပွဲသစ်အတွက် စိုးရိမ်မှု့ မြင့်တက်

တရုပ်-အိန္ဒိ နယ်စပ်အရေးတင်းမာ၊ အာရှစစ်ပွဲသစ်အတွက် စိုးရိမ်မှု့ မြင့်တက်
************************************
ဘာသာပြန်သူ : Thant Zin Htut
( ဇွန်-၂၈၊ ၂၀၁၇ ) မိမိပိုင်နက်တိဗက်နယ်အတွင်းသို့ "ဆစ်ကင်မ်" ပြည်နယ်ဘက်မှ အိန္ဒိယနယ်ခြားစောင့်တပ်များ   ဖြတ်သန်းဝင်ရောက်နေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနများမှ စွပ်စွဲပြောကြားမှုများ ထွက်ပေါ်လာခြင်းဖြင့် ယခင်မူလ ခပ်တန်းတန်းဖြစ်နေသော နှစ်နိုင်ငံဆက်ဆံရေးမှာ ပို၍ပင်ရှုပ်ထွေးသွားကြောင်း နယူးဝိခ်သတင်းဌာနက ယနေ့ရေးသားဖော်ပြသည်။

ဇွန် ၂၆၊ တနင်္လာနေ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကြငြာချက်၌ အိန္ဒိယနယ်ခြားစောင့်တပ်များသည် တရုတ်တပ်ဖွဲ့များ၏ နယ်စပ်တစ်လျှောက် ပုံမှန်ပြုလုပ်လေ့ရှိသော လှုပ်ရှားမှုများကို အနှောင့်အယှက်အဟန့်အတားပြုမှုများရှိနေကြောင်းဖော်ပြထားပြီး၊ အိန္ဒိယတပ်များ ချက်ချင်းဆုတ်ပေးရန်လည်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဂျင်ရှောင်းက တောင်းဆိုထားသည်။

အဆိုပါကြေငြာချက်တွင် တရုတ်နိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှုနှင့် နှစ်နိုင်ငံသဘောတူညီထားပြီးဖြစ်သော နယ်စပ်ဆိုင်ရာစာချုပ်များကို လေးစားရန်ဖော်ပြထားပြီး ဆစ်ကင်မ်ပြည်နယ်နှင့် တိဗက်တို့ကြား နယ်ခြားမြေပေါ်တည်ရှိသည့် နသူလာတောင်ကြားသို့ လာရောက်ရန်ရှိသည့် တရုတ်၏ တရားဝင်ဘုရားဖူးခရီးစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်ကြောင်း ပြောကြားသည်။

၎င်းဖြစ်ရပ်နှင့်ပတ်သက်၍ အိန္ဒိယစစ်တပ်ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်တစ်စုံတစ်ရာပြေကြားရန် ငြင်းဆိုခဲ့ပြီး အင်္ဂါနေ့တွင် အိန္ဒိယစစ်တပ်မှ ကြေငြာချက်တစ်ခုထုတ်ပြန်လိမ့်မည်ဟု ပြောဆိုသည်။ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကမူ လတ်တလော ထင်မြင်ချက်ပေးရန်မရှိဟုပြောကြားကြောင်းသိရှိရသည်။

နသူလာသည် ဒေသတွင်းရှိ ဟိန္ဒူ၊ဗုဒ္ဓဘာသာ အထင်ကရ ဘာသာရေးနယ်မြေများအား အိန္ဒယနှင့်ဆက်သွယ်ပေးသောတောင်ကြားဖြစ်သကဲ့သို့ ၁၉၆၇ ခုနှစ် တရုတ်နှင့်အိန္ဒိယတပ်ဖွဲ့များကြား ပြင်းထန်သော နယ်စပ်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နေရာလည်းဖြစ်သည်။

လမ်းမကြီးတစ်ခုပေါ်၌ မိမိဖက်မှလုပ်ဆောင်နေမှုကို အိန္ဒိယစစ်တပ်က အဟန့်အတားပြုခဲ့ကြောင်း၊ ယင်းမှာ နယ်စပ်ငြိမ်းချမ်းရေးကို ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်နေမှုဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ သီးသန့်ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံသည် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာရေးအတွက် မမှိတ်မသုန် ဆောင်ရွက်နေပြီး မိမိ၏ရပိုင်ခွင့် တရားဝင်အခွင့်အရေများးကိုလည်း မဖြစ်မနေကာကွယ်သွားမည်ဖြစ်ကြောင်း အဆိုပါကြေငြာချက်၌ ဖော်ပြထားသည်။

အိန္ဒိယနှင့်တရုတ်ကြား သဘောတူညီမှုတစ်ရလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် နယ်စပ်ပြဿနာရှုပ်ထွေးသွားစေမည့် မည်သည့်အကြောင်းအရာကိုမှ မပြုလုပ်ဘဲ နှစ်နိုင်ငံကြား ဖြစ်တည်နေသည့် ဆက်ဆံရေးအရှိန်အဟုန်ကောင်းကို လက်တွဲညီညီ ဆက်လက်ထိန်းသိမ်းသွားနိုင်မည်ဟု မျှော်လင့်ကြောင်းဆက်လက်ဖော်ပြထားသည်ကိုတွေ့ရှိရသည်။

ကာလကြာမြင့်စွာ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားခြင်းများကြောင့် တရုတ်နှင့်အိန္ဒိယနှစ်နိုင်ငံကြား ဆက်ဆံရေး အေးခဲနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ထို့ပြင် ပေကျင်း၏ ပါကစ္စတန်ကို ထောက်ခံမှု၊ ဒေသတွင်းနိုင်ငံရေး စီးပွားရေးဆက်ဆံမှုများကို မြှင့်တင်ရေးဆွေးနွေးရန် ရည်ရွယ်လင့်ကစား ပြီးခဲ့သည့်လ တရုတ်နိုင်ငံကျင်းပခဲ့သော "Belt and Road" ထိပ်သီးဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံမတက်ရောက်ခြင်းက  ဆက်ဆံရေးပို၍ပင် အေးစက်သွားစေခဲ့သည်။

ယခုလဆန်းပိုင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်က အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီအား ၎င်းတို့ကြား အမြင်ကွဲပြားသည်များကို သင့်လျော်သောစီမံမှုပြု၍ ဖြေရှင်းသင့်ကြောင့် ပြောကြားခဲ့သည်။

လက်ရှိ အိန္ဒိယမှထိန်းချုပ်ထားသော်လည်း တရုတ်က ၎င်းပိုင်ဆိုင်သည်ဟု ကြေငြာထားသော ဒေသသို့ တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား (၎င်းကို တရုတ်မှ ခွဲထွက်ရေးသမားဟု တံဆိပ်ကပ်ထားသည်) အလည်အပတ်ခရီးလာရောက်ခဲ့မှုကလည်း နှစ်နိုင်ငံကြားတင်းမာနေမှုကို မီးလောင်ရာလေပင့် ဖြစ်သွားစေခဲ့သည်။

ယင်းအချိန်ကစ၍ အိန္ဒိယအစိုးရသည် တင်းမာမှုများ လျော့ကျစေရန် လုပ်ဆောင်မှုများ ပြုလာခဲ့သည်။ တရုတ်ဖက်မှ ငြိုငြင်မည်ကိုမျှော်တွေးပြီး အမေရိကန်၊ ဂျပန်တို့နှင့်အတူ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများကိုရှောင်ရှားပြီး သြစတေးလျနိုင်ငံ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။

အိန္ဒိယခေါင်းဆောင်မိုဒီသည် စက်တင်ဘာလတွင် တရုတ်၌ ပြုလုပ်မည့် BRICS နိုင်ငံများ (BRICS နိုင်ငံများတွင် ဘရာဇီး၊ ရုရှ၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ပါဝင်သည်) ထိပ်သီးအစည်းအဝေးသို့မူ တက်ရောက်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

CHINA AND INDIA BORDER DISPUTE RAISES FEARS OF NEW ASIAN WAR

http://www.newsweek.com/china-accuses-indian-guards-crossing-border-illegally-creating-tension-629246

No comments:

Post a Comment