စာအုပ်နှင့်သီချင်းlink: ဗြိတိန်ထုတ် သတင်းစာတွေထဲ ဖော်ပြထားတဲ့ ဘောလုံး ကစားသမား အပြောင်းအရွှေ့ သတင်းတွေကို စုစည်း ပြောပြပါမယ်။

Search This Blog

Friday, June 23, 2017

ဗြိတိန်ထုတ် သတင်းစာတွေထဲ ဖော်ပြထားတဲ့ ဘောလုံး ကစားသမား အပြောင်းအရွှေ့ သတင်းတွေကို စုစည်း ပြောပြပါမယ်။

ဗြိတိန်ထုတ် သတင်းစာတွေထဲ ဖော်ပြထားတဲ့ ဘောလုံး ကစားသမား အပြောင်းအရွှေ့ သတင်းတွေကို စုစည်း ပြောပြပါမယ်။

မာလာဂါ အသင်း တိုက်စစ်မှုး ဆန်ဒရို ရာမေးရက်ဇက်ကို ပေါင် ၅.၂ သန်း ပေးပြီး ခေါ်လိုက်တဲ့ အကြောင်း အဲဗာတန် အနေနဲ့ တရားဝင် ထုတ်ပြန် လာဖို့ ရှိတယ်လို့  အဲဗာတန် အသင်း အခြေစိုက်ရာ လစ်ဗာပူးမြို့ထုတ် သတင်းစာ အက်ခိုက ရေးပါတယ်။

အဲဗာတန်ဟာ အခု နွေရာသီ ကစားသမား အပြောင်းရွှေ့ ကာလမှာ ဂိုးသမား ပစ်ဖို့ဒ်ကို ဆန်းဒါးလင်းက ခေါ်ယူ ထားသလို၊ ဒတ်ခ်ျ နာမည်ကျော် အသင်း အိုင်းယတ်စ်  ရဲ့ ကပ္ပတိန် ကွင်းလယ် ကစားသမား ကလာဆင်ကိုလည်း ခေါ်ထားပါတယ်။

မန်စီးတီးကတော့ သူတို့ ဂိုးသမား ဂျိုးဟာ့ထ်ကို လိုချင်ရင် ပေါင် ၂၅ သန်း ပေးရမယ် ဆိုပြီး ဈေးသတ်မှတ် ထားပေမယ့် ကမ်းလှမ်းလာသူ မရှိလို့ ဈေးနှုန်း လျှော့ပေး လာနိုင်ဖွယ် ရှိပါတယ်။

စတုတ်ခ် စီးတီး ကတော့ မစ်ဒယ်ဘရို အသင်းကနေ အသက် ၂၄ နှစ် အရွယ် နောက်တန်းလူ ဘဲန်ဂစ်ဘ်ဆင်ကို ခေါ်ယူနိုင်ဖို့ ပေါင် ၁၂ သန်းနဲ့ ကမ်းလှမ်း ထားပါတယ်။

အီတလီ စီးရီးအေ လက်ရွေးစဉ် ယူဗင်းတပ်စ်က သူတို့ရဲ့ နောက်တန်း ဘယ်စွန်လူ အဲလက်ဇ် ဆန်ဒရို အတွက် ပြောင်းရွှေ့ကြေး ကြီးကြီးမားမား ပေးမယ် ဆိုတဲ့ ကမ်းလှမ်းမှု လက်ခံထားရတယ်လို့  ဆိုပါတယ်။

ဘရာဇီး ကစားသမား အဲလက်ဇ် ဆန်ဒရိုကို လိုချင်နေတဲ့ အသင်းတွေထဲ ပရီမီယာလိဂ် ချန်ပီယံ ချယ်ဆီးလည်း ပါဝင် နေပါတယ်။ လက်ရှိ ချယ်ဆီး မန်နေဂျာ ကွန်တေး ယူဗင်းတပ်စ်ကို ကိုင်တွယ်တုန်းက ဆန်ဒရိုကို ပေါင် ၂၃ သန်း နဲ့ ပေါ်တိုကနေ ခေါ်ထားတာပါ။

ရိုးမား တောင်ပံ ကစားသမား မိုဟာမက် ဆာလား တစ်ယောက် လစ်ဗာပူးကို ပြောင်းရွှေ့ဖို့ လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှု ခံယူပါလိမ့်မယ်။

အဲဒါ ပြီးရင်တော့ လစ်ဗာပူးရဲ့ ပေါင် သန်း ၃၄ သန်း အထိ ပေးပြီး ဆာလားကို ခေါ်ယူမှု အထမြောက်ပြီ ဖြစ်ပါတယ်။

အီဂျစ် ကစားသမား မိုဟာမက် ဆာလားဟာ ဈေးအကြီးဆုံး အာဖရိက ဘောလုံးသမား ဖြစ်လာဖွယ် ရှိနေပါတယ်။ #ဘီဘီစီမြန်မာပိုင်း #အားကစား

No comments:

Post a Comment