စာအုပ်နှင့်သီချင်းlink: မှတ်ပုံတင်ထားခြင်း မရှိသည့် ဆေးဝါး (၈) မျိုး သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

Search This Blog

Friday, June 23, 2017

မှတ်ပုံတင်ထားခြင်း မရှိသည့် ဆေးဝါး (၈) မျိုး သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

မှတ်ပုံတင်ထားခြင်း မရှိသည့် ဆေးဝါး (၈) မျိုး သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

ဆးဝါးကွပ်ကဲရေး ဦးစီးဌာန အနေဖြင့် ဈေးကွက် အတွင်းရှိ ဆေးဝါးများကို စိစစ်ခဲ့ရာ ဆေးဝါး (၈) မျိုးမှာ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသော တရားမဝင် ဆေးဝါးများ ဖြစ်ကြောင်း စိစစ် တွေ့ရှိ ရတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က အသိပေး ထုတ်ပြန် ထားပါတယ်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က ဇွန်လ ၂၃ ရက် က ထုတ်ပြန် ခဲ့သည့် တရားမဝင် ဆေးဝါး (၈) မျိုး တွင် အိန္ဒိယနိုင်ငံ ထုတ် ဆေး ၄ မျိုး၊ ထိုင်းနိုင်ငံ ထုတ် ၁ မျိုး နှင့် ထုတ်လုပ်သည့် နိုင်ငံအမည် မဖော်ပြထားသည့် ဆေးဝါး ၃ မျိုး တို့ ပါဝင်တယ်လို့ သိရပါတယ်။

ပြည်သူများ အနေနှင့် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေး ဝါး များကို ဝယ်ယူ သုံးစွဲခြင်း မပြုကြရန်နှင့် မြန်မာနိုင်ငံတွင် မှတ်ပုံတင် ရရှိထားသော ဆေးဝါးများကို ဆရာဝ န်ညွှန်ကြားချက်ဖြင့် ဝယ်ယူသုံးစွဲ
ကြ ၏ရန်နှင့် ပြည်သူ့ကျန်းမာရေး အတွက် စောင့်ရှောက် မှု ဆောင်ရွက် ပေးသူများ အနေဖြင့် မိမိတို့ သုံးစွဲနေသည့် ဆေးဝါးများနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက သတင်း ပေးပို့ အကြောင်းကြားဖို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က အသိပေး ထားပါတယ်။

ဒါ့အပြင် ဆေးဝါး တင်သွင်း ဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေးဝါး ရောင်းချသည့် ဆေးဆိုင်များ အနေနှင့် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ၊ ဆေးဝါး အတု၊ စံမညီ ဆေးဝါးများကို တင်သွင်း ဖြန့်ဖြူး ရောင်းချခြင်း (လက်လီ/လက္ကား) လုံးဝ မပြုရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း က အမျိုးသားဆေးဝါး ဥပဒေပုဒ်မ (၁၈) အရ တရားစွဲဆို အရေးယူသွားမယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

MI Media

No comments:

Post a Comment