အသစ်ရောက်ရှိလာသည့် တရုတ်နိုင်ငံထုတ် မော်တော်ယာဉ် အစီး ၁၀၀၀ ကိုဇွန်လကုန်တွင်ပြေးဆွဲမည်
တရုတ်အစိုးနှင့် ရန်ကုန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ G to G စနစ်ဖြင့် ၀ယ်ယူထားသည့် ယာဉ်အစီးရေ ၁၀၀၀ ကို ဇွန်လကုန်တွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။
အဆိုပါ အသစ်မှာယူထားသည့် Ankai နှင့် Yutong အမျိုးအစား တရုတ်နိုင်ငံထုတ် မော်တော်ယာဉ်များကို အ တိုင်းဒေသကြီး စိုးရမှ ရှယ်ယာထည့်ဝင်ထားသည့် YUPT ကုမ္ပဏီနှင့် YBPC ကုမ္ပဏီ ၏ လက်အောက်တွင် ပြေး ဆွဲနေသော YBS ၃ ၊ YBS ၄ ၊ YBS ၇ အစရှိသည့် ယာဉ်လိုင်းများတွင် ထည့်သွင်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
“ အသစ်ရောက်လာတဲ့ ကားတွေကို အို/ဟောင်းအပ်နှံတဲ့ ယာဉ်တွေနေရာမှာ အစားထိုးပြေးဆွဲသွားမှာပါ။ ကား တွေအကုန်လုံးလည်း ရောက်နေပြီ။ ပြေးဆွဲခွင့် လမ်းကြောင်းတွေနဲ့ CNG စာအုပ်လုပ်ထားတယ်။ အဲ့တာတွေ အားလုံး ပြည့်စုံပြီဆိုတာနဲ့ ပြေးဆွဲသွားမှာပါ။ ဒီလကုန်လောက်ကို ပြေးဆွဲဖို့ လျာထားပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာ မောင်အောင် က ပြောသည်။
၎င်း YBS ယာဉ် အသစ်များ ပြေးဆွဲရာတွင် ယာဉ်ပေါ်၌ ယာဉ်အကူထားရှိတော့မည် မဟုတ်ဘဲ ခရီးသည်ကိုယ် တိုင် ငွေပေးချေရသည့် စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး ခရီးသည်လုံခြုံရေးအတွက်လည်း ကားပေါ်တွင် CCTV ကင်မရာများ တပ်ဆင်ထားကြောင်း သိရသည်။
လက်ရှိတွင် YBS ယာဉ်လိုင်းပေါင်း ၈၅ လိုင်းကို ယာဉ်အစီးရေ ၄၀၀၀ ၀န်းကျင်ဖြင့် နေ့စဉ်ပုံမှန်ပြေး ဆွဲပေးနေ ကြောင်း သိရသည်။
မြို့တွင်း၌ ပြေးဆွဲရန် မသင့်တော့သည့် ၁၉၉၅ မော်ဒယ်အောက် ခရီးသည်တင် ယာဉ်များကို အို/ဟောင်း အပ်နှံ ၍ လူစီးစလစ်ထုတ်ပေးနေပြီး အသစ်ရောက်ရှိလာသည့် အစီးရေ ၁၀၀၀ မှ ယာဉ်အစီးရေ ၁၀၀ ကို နိုင်ငံခြား ခ ရီးသွားများ အဆင်ပြေစေရန်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆူးလေကို Shuttle Bus ပြေး ဆွဲမည်ဖြစ်ကြောင်းလည်း သိရသည်။
Akonthi Media
No comments:
Post a Comment