စာအုပ်နှင့်သီချင်းlink: ၈၈ က ပါတီဖွဲ့ရာတွင် နှစ်ပေါင်းများစွာ နိုင်ငံရေးဖြတ်သန်းမှုရှိခဲ့သူများကို အခြေခံဖွဲ့စည်းရန် မျှော်လင့်ထားဟု ဦးကိုကိုကြီးပြော .....

Search This Blog

Friday, June 23, 2017

၈၈ က ပါတီဖွဲ့ရာတွင် နှစ်ပေါင်းများစွာ နိုင်ငံရေးဖြတ်သန်းမှုရှိခဲ့သူများကို အခြေခံဖွဲ့စည်းရန် မျှော်လင့်ထားဟု ဦးကိုကိုကြီးပြော .....

၈၈ က ပါတီဖွဲ့ရာတွင် နှစ်ပေါင်းများစွာ နိုင်ငံရေးဖြတ်သန်းမှုရှိခဲ့သူများကို အခြေခံဖွဲ့စည်းရန် မျှော်လင့်ထားဟု ဦးကိုကိုကြီးပြော .....

၈၈ ပွင့်လင်းလူ့အဖွဲ့အ စည်းက ပါတီဖွဲ့ရာတွင် နှစ်ပေါင်း များစွာ နိုင်ငံရေးဖြတ်သန်းမှုရှိခဲ့ သည့်သူများကို အဓိကအခြေခံပြီး လူငယ်မျိုးဆက်များ၊ နိုင်ငံရေး စိတ်ဝင်စားသည့်သူများနှင့် နယ် ပယ်အသီးသီးမှပုဂ္ဂိုလ်များပါဝင် ရန် မျှော်လင့်ထားကြောင်း ၈၈ မျိုး ဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးက ပြောသည်။

လက်ရှိတွင် ပါတီဖြစ် မြောက်ရေး ကော်မတီဖွဲ့စည်းနိုင် ရန် ဆောင်ရွက်နေကြောင်း ဇွန်လ ၂၂ ရက်က ရန်ကုန်မြို့၌ ပွင့်လင်း မြန်မာရှေ့ဆောင်အဖွဲ့က ကြီးမှူး ကျင်းပသည့် အသိပညာမျှဝေ ဖလှယ်ရေး အစီအစဉ်အခမ်းအ နားတွင် ၎င်းကဆိုသည်။

‘‘အခုကတော့ကျွန်တော်တို့  ရန်ကုန်မှာရှိတဲ့ ပါတီဖွဲ့စည်းရေး စိတ်ဝင်စားတဲ့သူတွေနဲ့ ဆွေးနွေး ဖို့ရှိတယ်။ အဲဒါပြီးတော့မှ နယ် တွေပါခေါ်ပြီးတော့ နောက်တစ် ကြိမ်ကျွန်တော်တို့ အားလုံးစုံညီ ပြန်ပြီးတော့ ဖြစ်မြောက်ရေးကော် မတီဖွဲ့စည်းဖို့အတွက်ကို ဆက်ပြီးဆွေးနွေးသွားမှာပါ’’ ဟု ဦးကိုကို ကြီးကပြောသည်။

၈၈ မျိုးဆက်အဖွဲ့အနေဖြင့် ပါတီထောင်ဖြစ်ပါကလက်ရှိ အ သုံးပြုနေသည့် ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းအမည်ကို အသုံးပြုမည် မ ဟုတ်ကြောင်းနှင့် လက်ရှိအသုံးပြု နေသော အမည်ဖြင့် အစိုးရမ ဟုတ်သော အဖွဲ့အစည်း (NGO) အဖြစ်သာ ဆက်လက်ရှိနေမည် ဖြစ်သည်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) အ နေဖြင့် ပါတီတည်ဆောင်ရန် လာ မည့်နှစ်ဆန်းတွင် ဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ဦးကိုကိုကြီးကပြောသည်။

7Day News

No comments:

Post a Comment