ဇွန် ၂၀ – တရုတ်အစိုးရဟာ မြောက်ကိုရီးယားကို သူ့ရဲ့နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်ဖို့အတွက် ဖျောင်းဖျဖို့ကြိုးစားခဲ့ပေမဲ့မအောင် မြင်ခဲ့ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့က ပြောခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဆီကနေ အကူအညီရမယ်လို့ အကြီးအ ကျယ်အားထားခဲ့တဲ့ ထရမ့်ဟာ မြောက်ကိုရီးယားအပေါ်ဩဇာသုံး ထိန်းချုပ်နိုင်ဖို့အတွက် တရုတ်နိုင်ငံဆီကအားကောင်းတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို အမျှော်လင့်ကြီးမျှော်လင့်ခဲ့ပါတယ်။ သည်ခေါင်းဆောင် နှစ်ဦးဟာ ဧပြီလက ဖလော်ရီဒါမှာတွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ထရမ့်က ရှီကို အခါအားလျော်စွာချီးကျူးပြောဆိုခဲ့သလို တရုတ်ရဲ့ကုန်သွယ်ရေးလုပ်ထုံးလုပ်နည်းတွေ အပေါ်ဝေဖန်မှုတွေ ကိုလည်းကာကွယ်ပြောကြားလေ့ရှိပါတယ်။
မြောက်ကိုရီးယားအရေးမှာ တရုတ်သမ္မတရှီနဲ့ တရုတ်အစိုးရတို့ရဲ့ ပါဝင်ကူညီကြိုးစားမှုတွေအတွက် ကျွန်တော်အထူးကိုပဲကျေးဇူးတင် ပါတယ်၊ ဒါပေမဲ့အလုပ်တော့မဖြစ်ခဲ့ပါဘူး၊ အနည်းဆုံးတော့ တရုတ်အစိုးရကြိုးစားခဲ့တာကို ကျွန်တော်သိတယ်လို့ ထရမ့်ကတွစ်တာမှာရေးသားခဲ့ပါတယ်။
ထရမ့်ရဲ့ အခုလိုမှတ်ချက်က အမေရိကန်အနေနဲ့ မြောက်ကိုရီးယား ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ဒုံးကျည်စမ်းသပ်မှုတွေကိုရပ်တန့်ဖို့ အကျပ်ရိုက်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စဉ်းစားပုံသိသိသာသာပြောင်းလဲမှာကို ကိုယ်စားပြုတာလား၊ တရုတ်အတွက်အမေရိ ကန်ရဲ့ မူဝါဒအပြောင်းအလဲဖြစ်မှာကို ထင်ဟပ်ပြတာလားဆိုတာတော့ မရေရာပါဘူး။

သမ္မတက တချို့ကိစ္စတွေမှာ သူမချင့်မရဲဖြစ်နေတယ်ဆိုတာကို ပြသလိုက်တဲ့သဘောလို့ ထင်ပါတယ်လို့ တောင်ကိုရီးယားနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ခရစ္စတိုဖာဟေးက MS-NBC ကို ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားအနေနဲ့ ခြောက်ကြိမ်မြောက်နျူကလီးယားစမ်းသပ် မှုကို အချိန်မရွေးလုပ်ဆောင်လာနိုင်တယ်လို့ အမေရိကန်ကတာဝန် ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေက လအတော်ကြာကတည်းကပြော ထားကြတယ်။ ဂြိုဟ်တုမှာလည်း သူတို့ရဲ့လှုပ်ရှားမှုတွေကိုပုံမှန် ရိုက်ယူပေးပို့နေပါတယ်။
အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးကတော့ တည်ငြိမ်နေဆဲပဲဖြစ်ပါ တယ်။ ထရမ့်ရဲ့သမီးအိုင်ဗန်ကာ ထရမ့်နဲ့ သူ့ခင်ပွန်းဖြစ်တဲ့ အိမ်ဖြူတော်ရဲ့ အဆင့်မြင့်အကြံပေးပုဂ္ဂိုလ်ဂျာရတ်ကက်ရှ်နာတို့ကို သည်နှစ်ကုန်ပိုင်းလောက်မှာ တရုတ်နိုင်ငံကိုလာရောက်ဖို့ ဘေဂျင်း အစိုးရက ဖိတ်ကြားထားပါတယ်။
Author – မအေးသီမွန်
[ref: Reuters, Jun 20, 2017.]
No comments:
Post a Comment