စာအုပ်နှင့်သီချင်းlink: မြောက်ကိုရီယား ဒုံကျည် အမေရိကားထိရောက်တော့မလား

Search This Blog

Tuesday, July 4, 2017

မြောက်ကိုရီယား ဒုံကျည် အမေရိကားထိရောက်တော့မလား

မြောက်ကိုရီးယားက ဂျပန် ပင်လယ်ကို ကျော်ဖြတ်ပြီး စမ်းသပ် ပစ်ခဲ့တဲ့ ဒုံးကျည်ဟာ ကမ္ဘာ့ တိုက်ကြီးတွေကို ကျော်လွှား နိုင်တဲ့ အထိ တာဝေး ရောက်နိုင်စွမ်း ရှိတဲ့ ဒုံးကျည် အမျိုးအစား ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တစ်လာဆင်က အတည်ပြု ပါတယ်။
ဒါ့ကြောင့် မြောက်ကိုရီးယား ဆီမှာ အမေရိကန်ပြည်ထောင်စု၊ အလက်စကာ ပြည်နယ်ထိ ခြိမ်းခြောက် နိုင်တဲ့ ဒုံးကျည် ရှိနေပြီလို့ ယူဆ ရပါတယ်။
မြောက်ကိုရီးယား အနေနဲ့ သူတို့ရဲ့ ဒုံးကျည်မှာ ထိပ်ဖူးတပ်ပြီး မပစ်လွှတ် သေးပေမယ့် အဲဒီလို အစွမ်းမျိုး အနှေးနဲ့ အမြန် သေချာပေါက် ရှိလာတော့မှာပါ ဆိုပြီး အရှေ့အာရှနဲ့ ပစိဖိတ် ဒေသ ရေးရာကို ကိုင်တွယ် ခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Christopher Hill က ဘီဘီစီကို ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို ကိုင်တွယ်ရေး ၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အရေးပေါ် အစည်းအဝေး ခေါ်ယူဖို့ အမေရိကန်က တောင်းဆို ထား ပါတယ်။ #ဘီဘီစီမြန်မာပိုင်း

No comments:

Post a Comment