ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာ ဆိုးဆိုးရွားရွား ရင်ဆိုင် နေရတဲ့ ဗီယက်နမ် နိုင်ငံမြို့တော်၊ ဟနွိုင်းမှာ လာမယ့် သက္ကရာဇ် ၂ဝ၃ဝ အမှီ မော်တော်ဆိုင်ကယ် စီးနင်းခွင့် လုံးဝ ပိတ်ပင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက တခဲနက် သဘောတူ ဆုံးဖြတ် လိုက်ကြပါတယ်။
ယာဉ်ပိတ်ဆို့မှု ပြဿနာ ပြေလည်စေဖို့ အပြင်၊ လေထု ညစ်ညမ်းမှု လျှော့ချ နိုင်ဖို့လည်း ရည်ရွယ်ပြီး မော်တော်ဆိုင်ကယ် စီးခွင့် ပိတ်ပင်တာ ဖြစ်ပါတယ်။
လူဦးရေ ၇ သန်းမှာ၊ ဆိုင်ကယ်စင်းရင် ၅ သန်း ကျော် ရှိနေတဲ့ ဟနွိုင်းမှာ အခု ဆုံးဖြတ်ချက် အပေါ် အမြင်မတူသူတွေလည်း ရှိနေပါတယ်။
အများပြည်သူ သွားလာရေး ဝန်ဆောင်မှု ညံ့ဖျင်းတဲ့ ဟနွိုင်းမှာ ဆိုင်ကယ်စီးတာ ပိတ်ရင် ဘယ်လိုမှ အလုပ်ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ ဝေဖန်သံတွေ ရှိနေပါတယ်။
ဟနွိုင်းမှာ မြေအောက်ရထား လိုင်းတွေ မရှိပဲ၊ ဘတ်စ်ကားတွေသာ ရှိပါတယ်။
ဒါပေမယ့် မိုးပျံရထား စီမံကိန်းကတော့ ရှေ့လာမယ့် နှစ်မှာ စတင် ဖွင့်လှစ်လာဖို့ ရှိပါတယ်။ #ဘီဘီစီမြန်မာပိုင်း
2 hours ago · Public · in Timeline Photos
No comments:
Post a Comment