ကျောင်းရှေ့မျက်နှာစာရှိ ကျူးကျော်လမ်းဘေးဆိုင်များ၊ လူနေတဲများနှင့် အခကြေးငွေယူ၍ ကားဂိတ်ဖွင့်လှစ်ထားရှိခြင်းများ ရှင်းလင်းဖယ်ရှား
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၆လမ်း၊ ၃၀×၃၁လမ်းကြား၊ ရွှေတစ်ချောင်းမြောင်းဘေး၊ အလက(၁၆)ကျောင်းရှေ့ မျက်နှာစာတွင် ကျူးကျော်လမ်းဘေးဆိုင်များ၊ လူနေတဲများနှင့် တရားမဝင် အခကြေးငွေယူ၍ ကားဂိတ်ဖွင့်လှစ်ခြင်းများဆောင်ရွက်နေသဖြင့် ယာဉ်ကြောပိတ်ဆို့ခြင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် ယာဉ်အန္တရာယ်စိုးရိမ်ရခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းမှုမရှိခြင်း၊ ကျောင်းဥပဓိရုပ် တင့်တယ်မှုမရှိခြင်းတို့ကြောင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ ဦးတင်စိုးနှင့် တာဝန်ရှိသူများ၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အကွက်မှူးများ ပူးပေါင်းပါဝင်သော အဖွဲ့မှ ဇွန်လ ၂၁ရက်နေ့ နံနက် ၉
နာရီခွဲက ကျူးကျော်ဆောင်ရွက်နေသူများကို ဖယ်ရှားရှင်းလင်းအရေးယူမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
MNJ News
No comments:
Post a Comment