(တတိယပိုင်း)
#သူပိုင်ကိုယ်ပိုင်အငြင်းပွားနေသေား
#ဟင်္သာကျွန်း(Ko Lam)ပေါ်သို့
#ယိုးဒယားတို့တက်ရောက်သိမ်းပိုက်ခြင်း
..................................................................
အခန်း(၄)
ယိုးဒယားတို့ #ရန်နိုင် ၅၁၀ မှတိုက်ခိုက်လိုက်ပြီးနောက်
ဆက်တွဲ....
PGM 83 မှ အရာရှီ/စစ်သည် ၃ ဦးကျဆုံးခဲ့ပြီး
ဒဏ်ရာရသူများထဲမှ နောက်ထပ်တစ်ဦးဆေးရုံတွင်ထပ်မံ
ကျဆုံးခဲ့ခြင်းဖြင့် #ရန်နိုင်၅၁၀ ကို
အကြီးအကျယ်ရှုံးနိမ့်သွားမှုကြောင့်
ပြည်တွင်း တွင်များစွာဝေဖန်ခြင်းခံနေရသေား
ယိုးဒယားရေတပ်သည် ပြန်လည် ကလဲ့စားချေ တိုက်ခိုက်
မှု့ အတွက်ကြိုတင်ပြင်ဆင်မှု့ တွေပြုလုပ်ထားကြောင်း
တပ်မတော်ထောက်လှမ်းရေးများမှ သတင်းရရှိခဲ့ရသည်။
တန်ပြန်စိုက်ဝါးများအဖြစ် မိမိတို့
ရန်နိုင် ၅၁၀ မှစစ်သည်သုံးဦးမှာလည်း ပြင်းထန်သေား
ဒဏ်ရာရရှိသွားကြောင်းနှင့် မြိတ်တပ်မတော် စစ်ဆေးရုံတွင်တက်ရောက်ကုသနေကြောင်း သတင်းတုကို တစ်ဆက်တည်းမပြတ်ထုတ်လွှင့်ပေးခြင်းဖြင့် ယိုးဒယားတို့ကိုအစာကျွေးလေး ပြန်လုပ်ပေးခဲ့ရပေသည်။
တစ်ဖက်တွင်လည်းနိုင်ငံ အစိုးရချင်း Gas pipe line
aggrement ကို ယိုးဒယားတို့ ချိုးဖောက်ဖို့
ဟန်ပြင်လာလေပြီ...
အကြောင်းမှာ
ရတနာ - ကဒိုက်(ကံပေါက်) မှ
ကဒိုက်(ကံပေါက်) - နတ်အိမ်ထောင်(နှစ်နိုင်ငံနယ်စပ်)
Gas ပိုက်လိုင်းမှာ မြန်မာတို့ဘက်ကစာချုပ်ပါ
သဘေားတူညီထားသည့်ရက်စွဲအတိုင်း ပို့လွှတ်နိုင်ပြီ
ဖြစ်သော်လည်း ယိုးဒယားတို့၏
(နတ်အိမ်ထောင် - ကချနာဘူရီ)အပိုင်းမှာ
သူနိုင်ငံအတွင်းကန့်ကွက်မှု့ များကြောင့်
ပိုက်လိုင်းအစဉ်သင့်မဖြစ်သေးပဲ စာချုပ်ပါရက်စွဲ
ထက်နောက်ကျနေသည်မှာ တစ်နှစ်ရှိလေပြီ
မြန်မာတို့ gas တွေကို နတ်အိမ်ထောင်
(Transper Station) တွင် မီးရှိုဖျက်ဆီး
ပစ်နေရလေပြီ
ထိုနစ်နာမှု့ ကြောင့် မြန်မာတို့ကို ထိုင်းနိုင်ငံအစိုးရနှင့်
PTT Exploration and Production
Public Company Limited.(PTTEP)
တို့မှလျှော်ကြေးငွေ ဒေါ်လာသန်း 300 ခန့် စာချုပ်ပါအတိုင်း ပေးရမည်ကို မြန်မာဘက်ကို
အကြောင်းပြန်ကြားချက်မပေးတော့ပဲ
နိုင်ငံရေးအရ ရင့်သီးမှု့ ပြုလုပ်နေစဉ်ကာလနှင့်လည်း
တိုက်ဆိုင်နေပေသည်
ထိုထိုသေားအကြောင်းအရာများကြောင့် ညစ်ပါတ်ပြီး
မြန်မာတို့ကို စစ်ပြုမည်တကဲကဲ ခြိမ်းခြောက်
ဖြဲခြောက် အမျိုးစုံအောင် လုပ်ပြနေဆဲကြားကာလလေးမှာ
အလွန်ပင်အင်အားသေးငယ်သော
#ရန်နိုင်၅၁၀ နှင့် PGM 83 တို့ ဇာတ်လမ်းအဖွင့် မှာတွင်ပင်ယိုးဒယား ၄ ဦးမတော်တဆ ကြော်ငြာဝင်းသွား
ကြရခြင်းဖြစ်သည်ကို ယိုးဒယားတို့ အသည်းနာ
ခံစားရမည်ဆိုပါလျှင်လည်း ခံစားထိုက်ပါပေသည်
ယိုးဒယား နာမည်ကြီးသတင်းတစ်ခုဖြစ်သေား
Bangkok post သတင်းစာမှ မြန်မာစစ်သား
ပက်လက်ကုလာထိုင်မှာထိုင်ပြီးဆေးလိပ်သောက်နေ
စဉ် ယိုးဒယားစစ်သားများ က ပစ်ကျင်းတူးပြီး တုန်တုန်
ချိချိ ပစ်ကျင်းထဲမှချောင်းကြည့်နေကြ သည့်ပုံကို
မျက်နှာဖုံးတင်၍ ဟားတိုက်ခြင်းသည်
တပ်မတော်နှစ်ရပ်၏ သူရသတ္တိကွာခြားချက်သရုပ်မှန်မို့
ယိုးဒယားတိုကို အကြီးအကျယ်ရှက်ဖွယ်
ဖြစ်စေခဲ့ပါသည်။
...............................................................
အခန်း(၅)
ယိုးဒယားတို့ အမြှောက်မပစ်တတ်ခြင်းနှင့် #ရန်နိုင်၅၁၀
မှရှာပေးလိုက်သေားလျှော်ကြေးငွေ...
ပြဿနာဖြစ်ပွားပြီးရက်ပေါင်း ၂၀ခန့် ရခစ(၅၈)ဇာဒက်ကြီး
တွင်ခေတ္တရပ်နားထားသေား ရန်နိုင်၅၁၀ ကို T duty
တာဝန်ဖြင့် ကော့သောင်းဗျူဟာကို သွားရောက်ပြီး
ကော့သောင်းမှအပြန်....
မိမိရေပိုင်နက် ဝိတိုရိယအငူ ဖြတ်ပြီး အုန်းကျွန်း
(Pulo Perlin) နှင့် Starboat Quarter
ပေးပြီးချိန်မှာတော့ ရေယာဉ် All crew attention
လုပ်ထားလိုက်သည် တပ်မတော်သားတို့ရဲ့အသက်
သည် အမြဲသတိရှိခြင်းပင် မဟုတ်ပါလေား...
ကောင်းမွန်သေားရာသီဥတုလည်းဖြစ်တာကြောင့်
မြင်ကွင်းသည် ကြည်လင်လှသည် လှိုင်းလေမှာလည်း ငြိမ်သက်လျှက်ရှိကာ ရေဒါကြည့်ကင်းနှင့် အဝေးကြည့်ကင်း
မပြတ်ယူထားစဉ်မှာပင်....
ယိုးဒယားနှင့်သူပိုင် ကိုယ်ပိုင် အငြင်းပွားဆဲဖြစ်သေား
မြန်မာအခေါ် ဟင်္သာကျွန်း (Ko Lam)တောင်ဘက် အခြမ်းတွင် ကျွန်းအရိပ်ယူလျှက် ရေဒါရှောင်ကွင်းနေသေား
ရေယာဉ်တစ်စီးထွက်လာလေသည် အတွေ့အကြုံအရသိ
ပါပြီ ဒါသည်ယိုးဒယားစစ်ရေယာဉ်တစ်စီးပါ
All crew gun stanby ...!!!
တာဝန်ခံအရာရှိ၏အမိန့်သံနောက်တွင်
လက်နက် စက်အစိတ်အပိုင်း ကျည်ထိုးသံများ
တဖြောင်း...ဖြောင်း..!!! ဆက်တိုက်
ထွက်ပေါ်လာတော့သည်
ယိုးဒယားစစ်ရေယာဉ်သည် အရင်တစ်ခါလိုတော့
အတင်းမရဲတော့ပေ မိမိတို့ရေယာဉ်နှင့် အကွာအဝေး
နှစ်မိုင်ခန့်အရောက် တွင် ယိုးဒယားတို့စတင်၍
Main gun 40mm (ဘိုဖာ)အမြှောက်ကို အသုံးပြု့
ပစ်ခတ်လာခြင်းဖြစ်သည်
မပြတ်ပစ်ခတ်တက်လာသေား အာဂသတ္တိခဲ ယိုးဒယားတို့
တစ်မိုင်ကျော်အလိုတွင်မှာတော့ ဆက်လက်မခုတ်မောင်း
တော့ပဲ ရေယာဉ်ကို ရေမျှေားစေ၍ အကွာအဝေးထိန်းကာ ထိရောက်မှု့ အကွာအဝေး ၇မိုင်ထိရှိသေား (ဘိုဖာ)
ရေတပ်လက်နက်ကို အသုံးပြုလျှက် မိမိတို့၏ #ရန်နိုင်၅၁၀ ကိုစိတ်ကြိုက်ပစ်ခတ်နေလေသည်။
သို့သော် ရန်သူအမြှောက်ဆံများသည်သူနှင့်သက်ဆိုင်သေား #ရန်နိုင်၅၁၀ အနားသို့နည်းနည်းစပ်စပ် ရောက်ရှိခြင်း
လုံးဝမရှိပဲ ကျော်သွားလိုက် ဘေးချော်သွားလိုက်
မရောက်လိုက်ဖြင့် လက်နက်နှင့် အကျွမ်းဝင်မှု့ မရှိကြောင်း
ကိုတော့ကျွန်တော်တို့ကောင်းကောင်းမြင်နေရပေသည်။
သို့သော်.....ကျွန်တော်တို့
ဘယ်လိုလုပ်ကြမလဲ မိမိတို့လက်နက်များ ထိရောက်မှု
မရှိနိုင်သည့် အကွာအဝေး...
ရေယာဉ်ပေါ်ရှိ အရာရှိ/စစ်သည်အပေါင်းတို့
အသားတဆတ်ဆတ်တုန်ကုန်အောင်
ဒေါးသတွေ ငယ်ထိတ်ရောက်ကုန်ကြပြီ
တတ်..!! တွေခေါက်ကုန်ကြပြီ
(ထိုအချိန်တိုလေးအတွင်းမှာ တပ်မတော်သားတွေရဲ့
ရင်ထဲကိုဝင်ကြည့်စေချင်ပါသည်)
တိုက်ပွဲအခြေအနေကို အထက်ဋ္ဌာနများသို့
မပြတ်သတင်းပို့ ပြီး တာဝန်ခံအရာရှိသည်
မိမိအခြေအနေအရ လက်နက်လက်တစ်ကမ်း
သို့ချည်းကပ်တိုက်ခိုက်ခွင့်ပေးရန်...
လိုအပ်ပါက ယိုးဒယားရေပိုင်နက်အတွင်း
ဝင်ရောက်တိုက်ခိုက်ခွင့်တောင်းလိုက်သော်လည်း....
အမှားရှာနေသေားယိုးဒယားတို့၏ ထောင်ချောက်
ကိုကြိုမြင်နေရပြီဖြစ်ပြီးသေားကြောင့် လူကြီးများက
#ရန်နိုင်၅၁၀ အား ဆလုံကျန်းနှင့် အုန်းကျွန်းကြားသို့
မောင်းနှင်ခဲ့ရန်နှင့် တန်ပြန်ထောင်ချောက်ဆင်
သွားရန်သာညွှန်ကြားချက်အရ
ရေယာဉ် ဦးတည်ချက်ချိန်းရလေပြီ
မိမိရေယာဉ်ရှိ အဝေးရောက်ဆုံးလက်နက်ဖြစ်
သေား ဒဿမ ၅ လက္မအမြောက်ကိုတတောင့်ခြင်း
ထိန်းပစ်၍ယာတဆုံး ပေးလိုက်စဉ်တွင်တော့
သတ္တိခဲတို့ ရှေ့တိုးလိုက်လာလေသည်
တောင်ပစ် မြောက်ပစ် ပစ်လာသည့် အမြှောက်ကို
တော့ဆက်တိုက်ပစ်ခတ်လျှက် စစ်သွေးပြနေသည်မှာ
ရန်နိုင်၅၁၀ အတွက်တော့ မညီမျှခြင်း၏
ပုံသေနည်းတခုအဖြစ် ဒေါသသံဝေဂ တစ်ခုပါ။
နိုင်ငံပိုင်နက်ထဲကို အနည်းငယ်ဝင်ရောက်လာသေား
ယိုးဒယာတို့ ဆက်မလိုက်ရဲတော့ပဲ
နောက်ပြန်လှည့်သွားလေသည်
အကြောင်းမှာ အုန်းကျွန်းဘေးတွင် ကပ်လျှက်
ကျွန်းရိပ်ကွယ် စောင့်ဆိုင်းနေသေား
မြန်မာတို့၏ PGM 423 က ယိုးဒယားစစ်ရေယာဉ်
ကို ထာဝရ ရေအောက်ကမ္ဘာပို့တော့မှာကို သဘေား
ပေါက်သွားသေားကြောင့်သာဖြစ်ပေသည်
ဖြစ်စဉ်၏ နောက်ဆုံးရလာဒ်ကလေးကိုအား လုံးသိချင်ကြမည်ထင်ပါသည်...
ယိုးဒယား ရေယာဉ်မှာ PGM(84) ဖြစ်ပြီး
ယခင် PGM(83)နှင့် Sister ship တွေဖြစ်ပြီး
သူတို့၏ အမြှောက်တပ်ဖွဲ့စုစုပေါင်းကျည်ဆံ (၅၈)တောင့်ကို မထော်မနန်း ပစ်ခတ်မှုများ
ကြောင့် ဆလုံကျွန်း(Pulo Besin) ပေါ်ရှိ
ရွှေတိဂုံ ပုံတူဘုရားအားနှစ်ချက်ထိခဲ့ပြီး ရင်ပြင်ပေါ်သို့
တစ်ချက်ကျရောက်ခဲ့ကာ တစ်လုံးမှာမပေါက်ကွဲခဲ့ပဲ
သက်သေတစ်ခုအဖြစ်သိမ်ဆဲနိုင်ခဲ့ပြီးနောက်နှစ်ရက်အကြာ
တွင် မြန်မာအခေါ် ဟင်္သာကျွန်း(Ko Lam)ပေါ်သို့ကြိုတင်
အကြောင်းကြားခြင်းမရှိပဲ ယိုးဒယားအာဏာပိုင်တို့
တက်ရောက်သိမ်းပိုက်လိုက်လေသည်....
ဆက်ရန်...
ရေးသားသူ... ရဲထွဋ်ဦး
No comments:
Post a Comment