စာအုပ်နှင့်သီချင်းlink: သူပိုင်ကိုယ်ပိုင်အငြင်းပွားနေသေား ဟင်္သာကျွန်း (Ko Khan)ပေါ်သို့ ယိုးဒယားတို့ တက်ရောက်သိမ်းပိုက်လိုက်ခြင်း(1999)...

Search This Blog

Saturday, July 1, 2017

သူပိုင်ကိုယ်ပိုင်အငြင်းပွားနေသေား ဟင်္သာကျွန်း (Ko Khan)ပေါ်သို့ ယိုးဒယားတို့ တက်ရောက်သိမ်းပိုက်လိုက်ခြင်း(1999)...

(ဒုတိယပိုင်း)
#သူပိုင်ကိုယ်ပိုင်အငြင်းပွားနေသေား
#ဟင်္သာကျွန်း(Ko Khan)ပေါ်သို့
#ယိုးဒယားတို့တက်ရောက်သိမ်းပိုက်ခြင်း(1999)...
.................................................................
အခန်း(2)
ယိုးဒယားတို့ ရာဇဝင်ကို ပြင်ဆင်လိုခြင်း

ထိုင်းနိုင်ငံဝန်ကြီးချုပ် ချွန်းလီပိုင်သည် 1998ခုနှစ်တွင်
ထိုင်းနိုင်ငံ၏နယ်စပ်ဒေသများအား
စစ်တိုင်းများအဖြစ်ပြောင်းလဲဖွဲ့စည်းစေပြီး
မြန်မာနယ်စပ်ကိုမူ အမှတ်(3)စစ်တိုင်းဒေသ
အဖြစ် တော်ဝင်ဘုရင့်တပ်မတော်၏အားအထားရဆုံး
ဗိုလ်ချုပ်ကြီး ဝဝ်တ်တနာချိုင်းကိုအကြီးအကဲ တာဝန်ပေးလိုက်လေ သည်

ထိုအချိန်နှင့်မရှေ့မနှောင်တွင်ပင် မိမိတပ်မတော်သည်
ကမ်းရိုးတမ်းဒေသစစ်ဋ္ဌာနချုပ်ဖွင့်လှစ်ပြီးနောက်
အထူးစစ်ဆင်ရေးတစ်ရပ်အဖြစ်မြိတ်ကျွန်းစုအသီးသီး
၏ သစ်မှောင်ခို၊ လက်နက်မှောင်ခို၊ ကုန်ပစ္စည်းမှောင်ခိုတို့
ကို( ကြည်း /ရေ) ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက် ဆဲကာလလည်းဖြစ်လေသည်

ယိုးဒယားတို့သည် အမှတ်(3)စစ်တိုင်းဖွဲ့စည်းပြီးနောက်
1999ခုနှစ်အစ တွင်ကော့သောင်းမြို့တစ်ဖက်ကမ်း ရနောင်းHarbor pier တွင် Phetthayotfa Chulalok-Class Frigate. HTMS. Phuttaloetle Naphalai (FFG 462) နှင့် (FFG 462)နှစ်စီးကိုလည်းကောင်း...

မြန်မာပိုင် ဇာဒက်ကြီးကျွန်းနှင့် မျက်နှာချင်းဆိုင်
မြန်မာတို့အခေါ်(ရှမ်းကျွန်းမဲ) Ko Phayam Island
ရှိ Ko Phayam Harbor Pier တွင် HTMS. Makut Rajakuman (FFG 433)ကိုအခြေပြုစေပြီး
ထိုင်းနိုင်ငံ အမှတ်(3)စစ်တိုင်း၏ဗျူဟာကကွက်များအရ
စစ်ရေးလှုပ်ရှားမှု့အရိပ်အယောင်များအတော်လေး
ထူးခြားလာပေသည်

ယိုဒယားတို့၏ပြောင်းလဲလာသေားစစ်ရေးအစီအမံများ
၏အခြေ ခံသည် ယိုးဒယား မြန်မာ သမိုင်းထဲကမြန်မာတို့နှင့်ဖြစ်သေားစစ်ပွဲများတွင် အကြိမ်ကြိမ်ရှုံးခဲ့ရခြင်းကို လည်းကောင်းတို့ စစ်ရေယာဉ်အင်အားကြီးမားစဉ် ၌ သမိုင်းသစ်ရေးထိုးဖာထေးလိုကြပြီး

ယိုဒယားနိုင်ငံသားတို့၏ အိပ်ယာဝင်ပုံပြင်
များထဲမှမြန်မာကြောက် နာတာရှည်ရေားဂါကို
ဆေးမှီးတိုလေး ကုသဖို့ အကြီးကြီးကြံစည်ခြင်းသာဖြစ်
ပေတော့သည်...
....................................................................
အခန်း(3)
#ယိုးဒယားတို့ မျိုးကန်းခြင်းနှင့် ရာဇဝင်အသစ်
မပြင်ဆင်လိုက်နိုင်ခြင်း

မိမိတို့တပ်မတော်၏များစွာသေား
ထောက်လှမ်းရေးဆဲလ်များမှ ယိုးဒယားတို့၏အစီးအမံများ
ကိုမပြတ်ထောက်လှမ်း ရရှိနေပြီး
မိမိပိုင်နက်လုံခြုံရေးကို အထူးအလေးထားစောင့်ကြည့်
နေသည့် အခိုက်အတန့်

ရေပြင်နယ်နိမိတ်အား setter များခွဲ၍လုံခြုံရေး
တာဝန်ကို အဆင့်ဆင့်ဆောင်ရွက်ထားပြီး
တရခ လက်အောက်ခံ တပ်များအချင်းချင်း စစ်ရေယာဉ်အချင်းချင်း
ချိတ်ဆက်ဆောင်ရွက်မှုနှင့် တိုင်းစစ်ဋ္ဌာနချုပ်တို့နှင့်
တွဲဘက်ဆောင်ရွက်မှု အသေးစိတ်ကျစွာရှိလှသည်

နှစ်နိုင်ငံ border line တစ်လျှောက်လုံခြုံရေးကို
ဆောင်ရွက်ရန်အတွက် ရေပြင်အမှတ်(၁၃) တာဝန်
အဖြစ် #ရန်နိုင်၅၁၀ (ကင်းလှည့်ရေယာဉ်)သည်
ဇာဒက်ကြီးကျွန်း၏ အရှေ့တောင်ဘက်
ဆယ်နှစ်မိုင်ခန့်အကွာ နှစ်နိုင်ငံ ရေပြင်ပိုင်နက်
အနီးသို့အရောက်တွင်...

(ဒီနေရာမှာကြုံတုန်းလေး #ရန်နိုင်၅၁၀ အကြောင်းလေး
ပြေားပါရစေ တစ်ကယ်တော့ ကျွန်တော်တို့နိုင်ငံ၏
ရေပြင်နယ်နိမိတ်သည် ကျယ်ပြေားလှပေသည်
အလုံးစုံခြုံငုံမိရန်အတွက် ထိုစဉ်က တပ်မတော်(ရေ)၏စစ်
ရေယာဉ်အင်အား မလုံလောက် မှု့ ကြီးမားနေခြင်းကိုဖြေရှင်းရန်
ယိုးဒယားငါးဖမ်းလှေများမှဖမ်းဆီးရမိသည့်ထဲက
ကြံခိုင်မှုကောင်းပြီး ဆက်လက်အသုံးပြု့ရန်သင့်တော်
သေားရွှေးချယ်မှု့ ဖြင့် တပ်မတော်ရေ အတွက်တွဲဖက်
ပေးထားသေား သစ်သားခွန်နှင့်တည်ဆောက်ထားသည့်
သာမာန်ရေယာဉ်သာဖြစ်ပေသည်
အခြားသေားတိုက်ရေယာဉ်များကဲ့သို့ တိုက်ခိုက်ရေးအတွက်
များစွာအားကိုး၍မရနိုင်ပါ
ထိုကာလတစ်လျောက်လုံး၏ရေယာဉ်မလုံလောက်မှု့ 
ဖြစ်သလိုဆောင်ရွက်နေကြရပေသည်)

(တပ်ဆင်ထားသေားလက်နက်များမှာမူ
.5" သာအကြီးဆုံးဖြစ်ပြီး
RPG ပခုံးထမ်းလောင်ချာနှင့်
အခြားလက်နက်များမှာ လက်နက်ငယ်များဖြင့်သာ
ဖွဲစည်းထားပြီး အမြန်နှုံးမှာ ၁၀ မိုင်ထက်မပိုတော့ပေ...)

သို့သော်ထိုအချိန်ကာလတွင်တပ်မတော် ကြည်း
၏ ကမ်းတက်စစ်ဆင်ရေးတွဲဘက် တာဝန် ထမ်းဆောင်နေ
သေားတွဲဘက် အရာရှိ နှင့်စစ်သည်များလိုက်ပါ တာဝန်ထမ်းဆောင်စဉ်ကာလည်းဖြစ်ပေသည်

ကြည့်ကင်း၊ ရေဒါထောက်လှမ်းမှု့ များအားမပြတ်ပြုလုပ်စဉ်
မှာ မသင်္ကာစရာပစ်မှတ်တစ်ခု ချည်းကပ်မှု့ ကို #ရန်နိုင်၅၁၀ မှကြိုတင်ထောက်လှမ်းမိချေပြီ

အတွေ့အကြုံသုံးသပ်ချက်များအရ ဒါသည်ယိုးဒယား
စစ်ရေယာဉ် တစီးသာဖြစ်သည်ကို ကြိုတင်ခန့်မှန်းမိသေား
ကြောင့် တွဲဘက်အရာရှိနှင့်
ရေယာဉ်တာဝန်ခံအရာရှိတို့သည်
ရေယာဉ်၏စစ်သည်အပေါင်းကို
သက်ဆိုင်ရာပစ်ပိုင်နယ်အလိုက်လက်နက်ကိုယ်စီဖြင့်
နေရာယူစေသည်

ထိုဖြစ်စဉ်တွင် ယိုးဒယားစစ်ရေယာဉ် သည်
ရန်လိုသည့်ချည်းကပ်မှု့ အပြည့်ဆောင်ပြီး
20mm အော်လီကွန်စက် အမြှောက်ကို လက်တစ်ကမ်း အကွာအဝေးမှပင် စ၍ပင်
မဆင်မခြင် ပစ်ခတ်လာခြင်းဖြစ်ပြီး ထိုင်းနယ်ခြားသို့
ရောက်ရှိနေသေားသူတို့၏ စစ်သင်္ဘေားကြီးများ အားကိုးဖြင့် မိမိတို့တပ်မတော်၏ ရေယာဉ်ကိုလာဖြဲးသည်မှာ အလွန်ပင်အသဲနာစရာကောင်းလှသည်

ယိုးဒယားတို၏20mm အမြှေက်၏ အစွမ်းသည် တရွှီးရွှီး တဒိုင်းဒိုင်း #ရန်နိုင်၅၁၀ ပေါ်မှဖြတ်သန်းနေကြသလို
အချို့ကျည်ဆံများသည်လည်း ရေထဲသို့လည်းကောင်း
ရေယာဉ်ဘေးနရံများသို့လည်းထိမှန် ကျရောက်လျှက်
ရှိပေသည်

တာဝန်ခံအရာရှိသည် ရေယာဉ်တစ်ခုလုံးအား
#အမိန်မရပဲလုံးဝပစ်ခတ်ခြင်းမပြု့ရ
ကိုယ်စီလက်နက်များအားလည်းပစ်မိန့်ရသည့်
အချိန်အစွမ်းကုန်ပစ်ခတ်နိင်ကြရန်
ညွှန်ကြားလေပြီး ....

စစ်သည်များသည် ရေယာဉ်ဘေးလှိုင်းကာများ
နောက်တွင် သစ်တုံးများခံ၍ ဖြန့်ကျက်နေရာယူ
ထားပြီး အပိုင်စောင့်ဆိုင်းနေကြရသည်မှာလည်း
ရေယာဉ်အင်းအားမညီမျှမှု့ 
လက်နက်ထိရောက်မှု့ အကွာအဝေး မညီမျှမှု့ 
တို့အတွက်နားလည်သိရှိပါသည်

ရန်သူကို ပေခံပြီး မြှားခေါ်နေရသည်ကိုနားလည်ကြသလို
မိမိလက်အတွင်းရောက်လျှင်တော့ အပိုင်ချေမှုန်းသုတ်သင်
တော့မည့်အသွင်ဖြင့် မေးကျေားများထောင်ထသည့်အထိ
အံကြိတ့်ကာ ရှိနေကြပေသည်

မြန်မာတို့သမိုင်း မရိုင်းခဲ့ပါ မြန်မာတို့ရာဇဝင်ပြင်မပေးခဲ့ရပါ
ယိုးဒယားတို့ထက်များစွာသမိုင်းကြီးခဲ့သည့်ုမြန်မာ
ဘယ်တော့မှ သတ္တိမကြောင်ကြပါ

ယိုးဒယားစစ်ရေယာဉ်၏ပစ်ခတ်မှု့ကြောင့်နစ်မြုပ်
သွားနိုင်သော်လည်း အရာရှိစစ်သည်အားလုံးတို့
မှာ နောက်လှည့်ပြန်ပြေးရန် ရာဇဝင်အသစ်တွင်လည်း
ပေးမထားနိုင်ကြပါ ဒါသည်မြန်မာတပ်မတော်၏
ကောင်းမြတ်သည့်စိတ်ဓာတ်ပါ

မိမိလက်နက်လက်တစ်ကမ်းအကွာ
မရောက်သေးသေားကြောင့်သာ ဖြစ်လေသည်
တစ်ဖက်၏ပစ်ခတ်မှု့ ကိုအသေခံစောင့်ဆိုင်းရကျိုးနပ်
သည်ဟုပြေားရပေမည် ငမိုက်သားတို့ရှေ့ တိုးမပျက်
ဆက်လက်ချည်းကပ်လာလေပြီ
စစ်နည်းဗျူဟာ နတ္တိ အတွေ့အကြုံ ဇီးရိုးနှင့်
သူတို့၏ပစ်ခတ်မှု့ များကြောင့် မြန်မာတို့ရေထဲဆင်း
ပြေးသွားသည်ဟု ထင်နေကြသလားမသိပါ

အံသြပါ့...
ယိုးဒယားစစ်ရေယာဉ်သည် ကမ်းခြေစောင့် တိုက်ရေယာဉ်
အမျိုးအစားဖြစ်ကာ နံပါတ်မှာ 83 ဖြစ်ပြီး အခုဆိုလျှင်
အကွာအဝေး ကိုက်၃၀၀ အတွင်းဝင်လာလေပြီ

ကိုက် ၂၅၀...
ကိုက် ၂၀၀... ယိုးဒယားတို့ #ထောင်ချောက်မိပြီ

#ပစ်...!!

ရေယာဉ်အုပ်ချုပ်သူ အရာရှိ၏ ပစ်မိန် ရသည်နှင့်
ရေယာဉ်ရှိ အရာရှိစစ်သည်အပေါင်းစစ်ဘီလူးများ
ပူးကပ်သွားကြသည့် ကြမ်းတမ်းရဲရင့်မှု့ အပြည့်ဖြင့်...

#မြန်မာတဲ့ဟေ့..!!!

သံပြိုင်အော်ဟစ်ကာ
ဦး လယ် ပဲ့ အားလုံးပြိုင်တူ
မတ်တပ်ရပ်လျှက်ကိုထ၍ မီးကုန်ယမ်းကုန် လှော်လေပြီ...

ယို့ဒယားတို့ရဲ့ ကမ်းခြေစောင့်တိုက်ရေယာဉ် PGM 83၏
Crew တို့စိတ်ကူးအိမ်မက်ပျက်ပျယ်သွားပြီဖြစ်ပြီး
သွေးပျက်သည့်အခန်းသို့ အခန်းပြောင်းရောက်ရှိသွားလေပြီ
Gun crew များမှာလည်း အမြှောက်ကိုထားခဲ့၍
ကျည်လွတ်ရာသူထက်ငါ ပြေးကုန်လေပြီ

ယိုးဒယားတို့ အခြေအနေအရပ်ရပ်ကို ဘဘေားပေါက်သွား
ကာပြန်လှည်ပြေးရန် ဦးတည်လမ်းကြောင်းပြောင်းဖို့ကျိုး
စားမှုစတင်လေပြီ

Sorry ပါ ...
#ရန်နိုင်၅၁၀
ပေါ်ကမီးခိုးတန်းတခု ယိုးဒယားရေယာဉ် ပဲ့စင်ထဲသို့
တန်းတန်းမက်မက်ဝင်သွားလေပြီ
ဂျိမ်း...!!
အသံနှင့်အတူပဲ့စင်တခုလုံးပွင့်ထွက်သွားပြီး ယိုးဒယားစစ်
ရေယာဉ်သည်လယ်ထွက်သွားလေသည်

#မီးခိုးတန်းနောက်တစ်ခုရန်နိုင်၅၁၀ပေါ်က
ထပ်မံပြေးထွက်းလာပြန်သည်
ဒီတစ်ခါတော့ PGM 83 ship side ဘေးနရံ
ညာဘက်ခြမ်းပေါ်ကျရောက် သွားလေသည်
Made and Myanmar MA 10 ပခုံးထမ်း
လောင်ချာ အမျိုးအစားနှင့်ပစ်ခတ်လိုက်ခြင်းပါ....

ယိုးဒယားတို့ သမိုင်းထဲကအတိုင်း အရေးပေါ်
Steering စနစ်ကိုကျင့်သုံးကာ မီးခိုးမဲအောင်မောင်း
၍ခြေကုန်သုတ် ပြေးရလေပြီ
မိမိတို့၏ လူ လက်နက် ရေယာဉ် ထိခိုက်မှု့ လုံးဝမရှိပဲ
အောင်ပွဲရလိုက်လေပြီ

ထိုနေ့ည ယိုးဒယားတီဗွီ channnel များမှ
အရားရှိတစ်ဦးနှင့် စစ်သည် နှစ်ဦးကျဆုံးကာ
အပြင်းအထန် လေးဦးဒဏ်ရာရသည့်သတင်း
နှင့် ရေယာဉ်သည်အတော်လေးပျက်ဆီးသွားကြောင်း

အထူးအံသြစရာကောင်းကြသည်မှာ
ယိုးဒယားရေယာဉ် PGM 83 ကိုအခုလိုကြီးမားစွာ
ရှုံးနိမ့်စေလိုက်သည့် မြန်မာတို့၏ စစ်ရေယာဉ်မှာ
သာမာန်ငါးဖမ်းဒုံးတစ်စီးသာဖြစ်ကြောင်းကို ယိုးဒယား
ပြည်သူတို့သိကြသေား အခါ တစ်ခါက ဘုရင့်နောင်၏
ဝါးရင်းဒုတ်တပ်ကို မျက်စေ့ထဲပြေးမြင်ကြရင်း
ခေါင်းရမ်းကုန်ကြလေပြီ...
.
.
ဆက်ရန်
ရေးသားသူ... ရဲထွဋ်ဦး

No comments:

Post a Comment