စာအုပ်နှင့်သီချင်းlink: အာဆင် နယ် သတင်းတိုများ =================================== အာဆင် နယ် ဂိုးသမားဟောင်းကြီး ယန်းလေးမန်း ဟာ အသင်းရဲ့ ဂိုးနည်းပြ အဖွဲ့ဝင်အဖြစ် ပြန် လည် ရောက် ရှိလာခဲ့ပြီဖြစ် ပါတယ် ။

Search This Blog

Tuesday, July 4, 2017

အာဆင် နယ် သတင်းတိုများ =================================== အာဆင် နယ် ဂိုးသမားဟောင်းကြီး ယန်းလေးမန်း ဟာ အသင်းရဲ့ ဂိုးနည်းပြ အဖွဲ့ဝင်အဖြစ် ပြန် လည် ရောက် ရှိလာခဲ့ပြီဖြစ် ပါတယ် ။

အာဆင် နယ် သတင်းတိုများ

===================================

အာဆင် နယ် ဂိုးသမားဟောင်းကြီး ယန်းလေးမန်း ဟာ အသင်းရဲ့ ဂိုးနည်းပြ အဖွဲ့ဝင်အဖြစ် ပြန် လည် ရောက် ရှိလာခဲ့ပြီဖြစ် ပါတယ် ။

အာဆင် နယ် ဟာ လာကာဇက် တီ အတွက် ကနဦး ပေါင် ၄၆ သန်း ပေးချေရမှာဖြစ်ပြီး ကျန် ပေါင် ၆ သန်း ကို ပွဲအ ရေအတွက် နဲ့ စွမ်းဆောင်မှုအ ပေါ်မူတည်ပြီးပေးချေ ကာ ပေါင် ၂.၆ သန်းကို ဆုဖလားရရှိမှု အတွက် ပေးချေရဖွယ် ရှိတယ် လို့ ကြားသိရပါတယ် ။

လာကာဇက်တီ ရောက် ရှိလာခဲ့ပါက အလက်ဆစ် ဆန်းချက် ကို အသင်းမှာ ဆက် ထိန်းထားနိုင် ဖို့ ရှိနေတယ် လို့လည်း သိရပါတယ် ။

သတင်းအချို့မှာတော့ အလက်ဆစ် ဟာ အာဆင် နယ် က နေ ယခု နွေရာသီမှာ ထွက် ခွာမှာမဟုတ် ဘူးလို့ ဆိုနေကြပါတယ် ။

အာဆင် နယ် ဟာ လက် စတာ တောင် ပံ ကစားသမား မာရက်ဇ် ကိုလည်း ယခု နွေရာသီရဲ့ ပစ် မှတ် တစ် ခု အဖြစ် ခေါ်ယူဖို့ စီစဉ် နေတယ်လို့ သိရပါတယ် ။

အဲဗာတန် ဟာ ကစားသမားသစ်တွေကို အားဖြည့် ခေါ်ယူနေပြီး ဂန်းနားတိုက် စစ် မှုး ဂီရော့ ကို ပေါင် သန်း ၂၀ ဖြင့် ကမ်းလှမ်းထားတယ် လို့ သိရှိရပါတယ် ။

အာဆင် နယ် ဟာ စပို့တင်း လစ္စဘွန်း ကလပ် ရဲ့ ပေါ်တူဂီကြယ် ပွင့်တွေဖြစ် တဲ့ ဂယ် ဆွန် မာတင် နဲ့ ၀ီလ်ယံ ကာဗယ် ဟို တို့ ၂ ဦးကို ခေါ်ယူဖို့ စိတ် ၀င် စားနေတယ်လို့ သိရှိရပြီး သတင်းအချို့မှာတော့ အာဆင် နယ် ဟာ ကနဦးတစ်ကြိမ် ကမ်းလှမ်းခဲ့ပြီးဖြစ် တယ် လို့ ဖော်ပြခဲ့ကြပါတယ် ။

အာဆင် နယ် အသင်းက နေ ထွက် ခွာခွင့်ပြုလိုက် တဲ့ လူငယ် နောက် ခံလူ စတီဖင် အို ကော် နာ ဟာ နယူးကာဆယ် အသင်းထံ ပြောင်းရွှေ့တော့မယ် လို့ သိရပါတယ် ။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက် နေ့ဟာ အာဆင် နယ် ရဲ့ အမှတ် တရ နေ့တစ် နေ့ဖြစ် ပါတယ် ။ ၂၀၀၃ ခုနှစ် ရဲ့ ယမန်နေ့ကလို နေ့မျိုးမှာ အာဆင် နယ် အတွက် အဖိုးထိုက် တန် တဲ့ပြင် သစ် သားတစ်ဦးကို အာဆင် ၀င်းဂါး ခေါ်ယူနိုင် ခဲ့ပါတယ် ။ သူက တော့ ရောဘတ်ပီရက်စ် ပဲဖြစ် ပါတယ် ။

“အာဆင် နယ် ကို ရောက် လာတာ တကယ် အိပ် မက် မက် နေသလိုပါပဲ ။ ဂန်းနားတွေနဲ့ အတူ ရှိနေခဲ့တဲ့ အချိန်တွေဟာ ကျွန်တော့အတွက် တကယ် စိတ် လှုပ် ရှားစရာအချိန်တွေပါပဲ ။ အွန် နရီ ၊ ဗီရာယာ ၊ ပီတစ် နဲ့ အနယ် ကာတို့ရဲ့ ဘ၀ တွေကို ပုံပြောင်းပေးခဲ့တဲ့ အာဆင် ၀င်းဂါးကိုလည်း ကျွန်တော် တကယ် လေးစားမိပါ တယ်”
#ပီရက်စ်

ဇူလိုင် ၃ ရက် နေ့မှာ အာဆင် နယ် အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ နောက် ထပ် နာမည်ကျော် က တော့ နောက် ခံလူ ဆိုးကင့်ဘဲဖြစ် ပါတယ် ။ ၂၀၀၁ ခုနှစ် ဇူလိုင် ၃ ရက် နေ့မှာ ဆိုးကင့်ဘဲ ဟာ အာဆင် နယ် အသင်းထံ မြို့ခံပြိုင် ဘက် စပါး အသင်းက နေ ဘော့စမန် အ ပြောင်းအ ရွှေ့စည်းမျဉ်းကို အသုံးချပြီး အလွတ် ပြောင်းရွှေ့ခဲ့ပါတယ် ။ ဒီပြောင်းရွှေ့မှုဟာ ဘောလုံးလောကမှာ နာမည်ကျော် သွားခဲ့ပြီး ဆိုးကင့်ဘဲ ကိုလည်း စပါးပရိသတ်တွေ အလွန် ဒေါသထွက် ခဲ့ကြပါတယ် ။ ဒါပေမယ့် ကင့်ဘဲ က တော့ အာဆင် နယ် မှာ အောင်မြင် တဲ့ ကစားသမားဘ၀ကို ထူထောင် နိုင် ခဲ့ပါတယ် ။

No comments:

Post a Comment