Credit
တင်းမာမှု့ဖြစ်ပွားနေသော နှစ်နိုင်ငံနယ်စပ်မှ အိန္ဒိယတပ်များဆုတ်ခွာပေးရန် တရုပ် ထပ်မံသတိပေး၊ နှစ်နိုင်ငံနယ်စပ်သို့ အိန္ဒိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သွားရောက်ကြည့်ရှု့။ အာရှ အင်အားကြီးတို့၏ စစ်ပွဲသစ်စိုးရိမ်စရာဖြစ်လာ
*********************************
( ဇူလိုင်-၃၊ ၂၀၁၇ ) ပိုင်ဆိုင်မှု့အငြင်းပွားနေသော နှစ်နိုင်ငံနယ်စပ်တွင် တရုပ်နိုင်ငံပိုင်နက်အတွင်းရောက်ရှိနေသော အိန္ဒိယတပ်များအမြန်ဆုံးဆုတ်ခွာပေးရရန် တရုတ်နိုင်ငံက ကြာသပတေးနေ့တွင်တောင်းဆိုလိုက်သည်။
လွန်ခဲ့သည့်ရက်ပိုင်းတွင် ပိုင်ဆိုင်မှူ့နှစ်နိုင်ငံအငြင်းပွားရာ ဆစ်ကင်းပြည်နယ်သို့ အိန္ဒိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် လာရောက်ကြည့်ရှူ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီး များမကြာမီ အိန္ဒိယတပ်များဆုတ်ခွာပေးရန် တရုတ်နိုင်ငံ၏တောင်းဆိုချက်တွင် ဓာတ်ပုံအထောက်အထားများပါဝင်ကြောင်းသိရှိရသည်။
သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရပုဂ္ဂိုလ်တင်ပြသည့်ဓာတ်ပုံများမှာ တရုတ်-ဘူတန်ပိုင်ဆိုင်မှု့အငြင်းပွားရာမှ အိန္ဒိယ-တရုတ်နယ်စပ်စစ်ခင်းခဲ့ရဘူးသော ဒေါင်လောင်း၊ ခိုလှမ်နယ်မြေများဟုတ် မဟုတ် ရှင်းးလင်းစွာမသိရသော်လည်း သတင်းစာရှင်းလင်းပွဲအပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ အင်တာနက်ဝဘ်ဆိုဒ်တွင်လွှင့်တင်မည်ဖြစ်သည်ဆို၏။
ဇွန်-၂၈၊ ၂၀၁၇ တွင် မိမိပိုင်နက်တိဗက်နယ်အတွင်းသို့ "ဆစ်ကင်" ပြည်နယ်ဘက်မှ အိန္ဒိယနယ်ခြားစောင့်တပ်များဖြတ်သန်းဝင်ရောက်နေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနများမှ စွပ်စွဲပြောကြားမှုများ ထွက်ပေါ်လာခြင်းဖြင့် ယခင်မူလ ခပ်တန်းတန်းဖြစ်နေသော နှစ်နိုင်ငံဆက်ဆံရေးမှာ ပို၍ပင်ရှုပ်ထွေးသွားခဲ့ရသည်။
ဇွန် ၂၆၊ တနင်္လာနေ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကြငြာချက်၌ အိန္ဒိယနယ်ခြားစောင့်တပ်များသည် တရုတ်တပ်ဖွဲ့များ၏ နယ်စပ်တစ်လျှောက် ပုံမှန်ပြုလုပ်လေ့ရှိသော လှုပ်ရှားမှုများကို အနှောင့်အယှက်အဟန့်အတားပြုမှုများရှိနေကြောင်းဖော်ပြထားပြီး၊ အိန္ဒိယတပ်များ ချက်ချင်းဆုတ်ပေးရန်လည်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဂျင်ရှောင်းက တောင်းဆိုထားသည်။
အဆိုပါကြေငြာချက်တွင် တရုတ်နိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှုနှင့် နှစ်နိုင်ငံသဘောတူညီထားပြီးဖြစ်သော နယ်စပ်ဆိုင်ရာစာချုပ်များကို လေးစားရန်ဖော်ပြထားပြီး ဆစ်ကင်မ်ပြည်နယ်နှင့် တိဗက်တို့ကြား နယ်ခြားမြေပေါ်တည်ရှိသည့် နသူလာတောင်ကြားသို့ လာရောက်ရန်ရှိသည့် တရုတ်၏ တရားဝင်ဘုရားဖူးခရီးစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်ကြောင်း ပြောကြားသည်။
နသူလာသည် ဒေသတွင်းရှိ ဟိန္ဒူ၊ဗုဒ္ဓဘာသာ အထင်ကရ ဘာသာရေးနယ်မြေများအား အိန္ဒယနှင့်ဆက်သွယ်ပေးသောတောင်ကြားဖြစ်သကဲ့သို့ ၁၉၆၇ ခုနှစ် တရုတ်နှင့်အိန္ဒိယတပ်ဖွဲ့များကြား ပြင်းထန်သော နယ်စပ်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နေရာလည်းဖြစ်သည်။
လမ်းမကြီးတစ်ခုပေါ်၌ မိမိဖက်မှလုပ်ဆောင်နေမှုကို အိန္ဒိယစစ်တပ်က အဟန့်အတားပြုခဲ့ကြောင်း၊ ယင်းမှာ နယ်စပ်ငြိမ်းချမ်းရေးကို ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်နေမှုဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ သီးသန့်ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ကာလကြာမြင့်စွာ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားခြင်းများကြောင့် တရုတ်နှင့်အိန္ဒိယနှစ်နိုင်ငံကြား ဆက်ဆံရေးခပ်တန်းတန်းနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ထို့ပြင် ပေကျင်း၏ ပါကစ္စတန်ကို ထောက်ခံမှု၊ ဒေသတွင်းနိုင်ငံရေး စီးပွားရေးဆက်ဆံမှုများကို မြှင့်တင်ရေးဆွေးနွေးရန် ရည်ရွယ်လင့်ကစား ပြီးခဲ့သည့်လ တရုတ်နိုင်ငံကျင်းပခဲ့သော "Belt and Road" ထိပ်သီးဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံမတက်ရောက်ခြင်းက ဆက်ဆံရေးပို၍ပင် အေးစက်သွားစေခဲ့သည်။
ယခုလဆန်းပိုင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်က အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီအား ၎င်းတို့ကြား အမြင်ကွဲပြားသည်များကို သင့်လျော်သောစီမံမှုပြု၍ ဖြေရှင်းသင့်ကြောင့် ပြောကြားခဲ့သည်။
လက်ရှိ အိန္ဒိယမှထိန်းချုပ်ထားသော်လည်း တရုတ်က ၎င်းပိုင်ဆိုင်သည်ဟု ကြေငြာထားသော ဒေသသို့တရုတ်က ခွဲထွက်ရေးသမားဟု သတ်မှတ်ထားသည့် တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား အလည်အပတ်ခရီးလာရောက်ခဲ့မှုကလည်း နှစ်နိုင်ငံကြားတင်းမာနေမှုကို မီးလောင်ရာလေပင့် ဖြစ်စေခဲ့ရသည်ဆို၏။
..
http://www.firstpost.com/world/china-warns-india-to-withdraw-from-border-zone-says-it-is-precondition-for-meaningful-dialogue-3758453.html
No comments:
Post a Comment