ထီဖွင့်ပြီး ၈ နာရီကြာသည်အထိ ကျပ်သိန်းတစ်သောင်းကံထူးရှင် ရှာမတွေ့သေး
==================
လေးကြိမ်မြောက် ကျပ်သိန်းတစ်သောင်းအောင်ဘာလေထီဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပြီး အက္ခရာ န ၁၇၅၆၉၆ ဖြင့် ကျပ်သိန်းတစ်သောင်းဆု ထွက်ပေါ်ခဲ့သော်လည်း ကံထူးရှင်ကို မသိရှိရသေးကြောင်း မိုးယံရွှေလမင်း ထီဆိုင်ထံမှ သိရသည်။
အဆိုပါ ပေါက်ဂဏန်းကို မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ ဆွတ်ခူးခဲ့သော်လည်း ထီပေါက်သည့် ကံထူးရှင် မည်သူမည်ဝါဖြစ်ကြောင်းကို မသိရသေးကြောင်း မိုးယံထီဆိုင်မှ တာဝန်ရှိသူတစ်ဦးက News Watch Journal၏ ဇူလိုင် ၁ ရက်၊ ညနေ ၄ နာရီခွဲအချိန် ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
“ ခုထိတော့မသိရသေးပါဘူး။ ထီကလက်သေးအုပ်ထဲမှာပါသွားတော့ ဘယ်သူဘယ်ဝါဆိုတာ လိုက်နေတုန်းပါပဲ။ လက်ကားလက်ကြီးအုပ်ထဲမှာဆိုရင်တော့ ချက်ခြင်းသိနိုင်ပါတယ်။ ကျပ်သိန်းငါးထောင် ဆုရှင်ကတော့ သိရပြီ” ဟုအဆိုပါတာဝန်ရှိသူကပြောသည်။
ယခင်အကြိမ်များတွင် ထီဖွင့်ပြီး နာရီပိုင်းကာလအတွင်း ကံထူးရှင်ပေါ်ပေါက်ခဲ့သော်လည်း ယခုအကြိမ်တွင်မှ ကြန့်ကြာနေခြင်းဖြစ်ကြောင်းသိရသည်။
မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေထီဆိုင်မှ ယခုလေးကြိမ်မြောက်ထီဖွင့်ပွဲတွင် ထီဆုကြီးဖြစ်သည့် ကျပ်သိန်းတစ်သောင်း၊ ကျပ်ငါးထောင်ဆု ၂ ဆုနှင့်အခြားဆုများကိုဆွတ်ခူးထားသည်။
News Watch
No comments:
Post a Comment