မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ
=============================================
ဂျုဗင် တပ် အသင်း နဲ့ အင် တာမီလန် တို့ဟာ မန်ယူနိုက်တက် နောက် ခံလူ မက် တီယို ဒါမီယန် ကို ခေါ်ယူ ဖို့ စိတ် ၀င် စားနေကြတယ် လို့ သိရပါတယ် ။ ဒါပေမယ့် ဟိုဆေး က တော့ ဒါမီယန် ကို ရောင်းချဖို့ စိတ် ကူးမရှိဘူး လို့ သိရပါတယ် ။
ဟိုဆေး မော် ရင် ဟို ဟာ တောင် ပံ ကစားသမားတစ်ဦး ၊ အ ထောင် တိုက် စစ် မှုး တစ် ဦး နဲ့ ကွင်းလယ်လူ တစ် ဦးတို့ကို ထပ် မံ ခေါ်ယူဖို့ ရှာဖွေ နေတယ် လို့ ESPN သတင်းစာက ဖော်ပြသွားခဲ့ပါတယ် ။
Diario Madrista သတင်းဌာနက တော့ ယူနိုက်တက် ဟာ ရီးရဲ ကွင်းလယ်လူ ကိုဗာဆစ် ကို ရီးရဲ အသင်းက လစာထက် ၂ ဆခန့် ပေးပြီးကမ်းလှမ်းဖို့ စီစဉ် နေတယ် လို့ ဖော်ပြခဲ့ပါတယ် ။
ဒါ့အပြင် ရိုးမားက နေ ထွက် ခွာဖို့ ပြင် ဆင် နေတဲ့ ဂရိ နောက် ခံလူ မာနိုလက်စ် ကိုလည်း ယူနိုက်တက် တို့ စောင့်ကြည့် နေတယ် လို့ သတင်းရရှိပါတယ် ။
ဒေါ့မွန် အသင်း နောက်ခံလူ မာ့ ဘာထရာ နဲ့ ပတ်သက်ပြီး ယူနိုက်တက် တို့ ဒေါ့မွန် အသင်းထံ စုံစမ်းခဲ့တယ် လို့လည်း သတင်းထွက် ပေါ်လာခဲ့ပါတယ် ။
ယူနိုက်တက် နည်းပြကြီး မော် ရင် ဟို ဟာ နောက် ခံလူ ဖီးလ် ဂျုံးစ် ရဲ့ ခြေစွမ်းကို သ ဘောတွေ့မိတာကြောင့် အ ရောင်းစာရင်းထဲ ထည့်သွင်းမထားဘူးလို့ သိရပါတယ် ။ ဒါကြောင့် ဂျုံးစ် ဟာ ယူနိုက်တက် အသင်းနဲ့ အတူ ရာသီကြိုပွဲစဉ် မှာ ပါဝင် ကစားနိုင် မှာဖြစ် ပါတယ် ။
The Sun သတင်းစာက တော့ ၀ိန်းရွန်းနီ ကို အသင်းက နေ ထွက် ခွာဖို့ ငွေကြေးနဲ့ ကမ်းလှမ်းတောင်းဆိုမှုတွေ ရှိခဲ့တယ် လို့ ဖော်ပြ ရေးသားသွားခဲ့ပါတယ် ။
ချဲလ်ဆီး ကွင်းလယ်လူ မာတစ် ဟာ ဇူလိုင် ၁ ရက် နေ့က ထုတ် ဖော်ပြသခဲ့တဲ့ ချဲလ်ဆီး အသင်းရဲ့ ရာသီ သစ် အကျီ မိတ် ဆက် ပွဲ ရဲ့ ရိုက် ကူးရေး ( Behind the scenes ) မှာ ပါဝင် ခဲ့ပေမယ့် အသင်းက ပြသတဲ့ ပုံတွေ မှာ တော့ မပါဝင် ခဲ့ဘူးလို့ သိရပါတယ် ။ ဒါကြောင့် မာတစ် ကို ယူနိုက်တက် တို့ ခေါ်ယူဖို့ သတင်းတွေ ပိုမို ခိုင် မာလာခဲ့ပါတယ် ။
ယူနိုက်တက် တိုက် စစ် မှုးဟောင်း ဟာနန် ဒက် ကို တော့တင် ဟမ် ဟော့စပါး အသင်းက ခေါ်ယူဖို့ စိတ် ၀င် စား နေတယ် လို့ သတင်းထွက် ပေါ်လာခဲ့ပါတယ် ။ တစ် ချိန် က ယူနိုက်တက် တိုက် စစ် မှုးဟောင်း ဟာနန် ဒက် ကို ပရီးမီးယားလိဂ် မှာ ပြန် လည် မြင်တွေ့နိုင် မလားဆိုတာက တော့ . . . .
ယူနိုက်တက် ကစားသမားအချို့ရဲ့ အပန်းဖြေပုံတွေကို ဖော်ပြ ပေးလိုက် ပါတယ် ခင် ဗျာ ။
No comments:
Post a Comment