စာအုပ်နှင့်သီချင်းlink: သရဲဝင်ပူးသည့် အလုပ်သမားများ ရွှေပြည်သာ၌ အလုပ်ထုတ်ခံရ ရွှေပြည်သာစက်မှုဇုန်(၃)ရှိ မြန်မာစုမက်ဝင်းဝင်း အထည်ချုပ်စက်ရုံမှ သရဲဝင်ပူးခံရသောကြောင့် အလုပ်ရှင်က အလုပ်သမားခေါင်းဆောင်တစ်ဦး အပါအဝင် အလုပ်သမားသုံးဦး အလုပ်ထုတ်ခံရကြောင်း အလုပ်မှထုတ်ပယ်ခြင်းခံရသည့် အလုပ်သမားခေါင်းဆောင် မမျိုးမျိုးစန်းက ပြောဆိုသည်။ ဖြစ်စဉ်မှာဇွန် ၂၂ ရက် မွန်းတည့် ၁၂ နာရီက အလုပ်သမားများ ထမင်းစားနားချိန်တွင် သရဲဝင်ပူးခံရသည့် အလုပ်သမားတစ်ဦးက ကတ်ကြေးဖြင့် မိမိကိုယ်ကိုထိုးရာတွင် အခြားသူများအား ထိမိရာမှ အလုပ်သမားများ ကြောက်လန့်၍ ရုတ်ရုတ်သဲသဲဖြစ်ကာ...........

Search This Blog

Saturday, June 24, 2017

သရဲဝင်ပူးသည့် အလုပ်သမားများ ရွှေပြည်သာ၌ အလုပ်ထုတ်ခံရ ရွှေပြည်သာစက်မှုဇုန်(၃)ရှိ မြန်မာစုမက်ဝင်းဝင်း အထည်ချုပ်စက်ရုံမှ သရဲဝင်ပူးခံရသောကြောင့် အလုပ်ရှင်က အလုပ်သမားခေါင်းဆောင်တစ်ဦး အပါအဝင် အလုပ်သမားသုံးဦး အလုပ်ထုတ်ခံရကြောင်း အလုပ်မှထုတ်ပယ်ခြင်းခံရသည့် အလုပ်သမားခေါင်းဆောင် မမျိုးမျိုးစန်းက ပြောဆိုသည်။ ဖြစ်စဉ်မှာဇွန် ၂၂ ရက် မွန်းတည့် ၁၂ နာရီက အလုပ်သမားများ ထမင်းစားနားချိန်တွင် သရဲဝင်ပူးခံရသည့် အလုပ်သမားတစ်ဦးက ကတ်ကြေးဖြင့် မိမိကိုယ်ကိုထိုးရာတွင် အခြားသူများအား ထိမိရာမှ အလုပ်သမားများ ကြောက်လန့်၍ ရုတ်ရုတ်သဲသဲဖြစ်ကာ...........

သရဲဝင်ပူးသည့် အလုပ်သမားများ ရွှေပြည်သာ၌ အလုပ်ထုတ်ခံရ

ရွှေပြည်သာစက်မှုဇုန်(၃)ရှိ မြန်မာစုမက်ဝင်းဝင်း အထည်ချုပ်စက်ရုံမှ သရဲဝင်ပူးခံရသောကြောင့် အလုပ်ရှင်က အလုပ်သမားခေါင်းဆောင်တစ်ဦး အပါအဝင် အလုပ်သမားသုံးဦး အလုပ်ထုတ်ခံရကြောင်း အလုပ်မှထုတ်ပယ်ခြင်းခံရသည့် အလုပ်သမားခေါင်းဆောင် မမျိုးမျိုးစန်းက ပြောဆိုသည်။

ဖြစ်စဉ်မှာဇွန် ၂၂ ရက် မွန်းတည့် ၁၂ နာရီက အလုပ်သမားများ ထမင်းစားနားချိန်တွင် သရဲဝင်ပူးခံရသည့် အလုပ်သမားတစ်ဦးက ကတ်ကြေးဖြင့် မိမိကိုယ်ကိုထိုးရာတွင် အခြားသူများအား ထိမိရာမှ အလုပ်သမားများ ကြောက်လန့်၍ ရုတ်ရုတ်သဲသဲဖြစ်ကာ နေအိမ်သို့ ပြန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

'၁၂ နာရီလောက်က ထမင်းစားတဲ့အချိန်မှာ ၁၂ ခွဲလောက် ထမင်းစားလည်း တက်ရော ဝင်ပူးတာ။ ဝင်ပူးတာကတော့ ရုံဟောင်းရော၊ ရုံသစ်ရော နှစ်ရုံစလုံးကို ဝင်ပူးတာ။ လူအယောက် ၃ဝ၊ ၄ဝ လောက်ကို ဝင်လိုက်၊ ထွက်လိုက်နဲ့ ပူးတာပေါ့။ ပူးပြီးတော့ ပြောတာပေါ့။ သူတို့ စက်ရုံကို တစ်ရုံပြီး တစ်ရုံဆောက်တယ်ပေါ့။ သူတို့အတွက် ဘာလုပ်ပေးလဲပေါ့။ ယောက်ျားက နှစ်ယောက်ပေါ့၊ မိန်းမကသုံးယောက်လို့ ဝင်ပူးပြီးတော့ပြောတယ်။ ကတ်ကြေးနဲ့လိုက်ထိုးတဲ့ ကလေးမက ကိုယ့်ကိုယ်ကိုယ်ထိုးတာ ဘာကြောင့်လဲဆိုရင် သရဲတွေက လူစားလဲချင်တယ်ပြောတယ်။ ကလေးက ကုသိုလ်ကံကောင်းတော့ ဘာမှဖြစ်မသွားဘူး'ဟု မမျိုးမျိုးစန်းက ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အလုပ်သမားများက ကြောက်လန့်၍ နေအိမ်သို့ ပြန်ခဲ့ကြကြောင်း၊ စက်ရုံတွင်ဘုန်းကြီးများပင့်၍ ပရိတ်တရားတော်များ ရွတ်ဖတ်ခဲ့ပြီး နောက်နေ့တွင် သရဲဝင်ပူးခံရသည့် အလုပ်သမားများနှင့်အတူ ၎င်းတို့၏ အလုပ်သမားခေါင်းဆောင်ကိုပါ အလုပ်မှထုတ်ပယ်ခဲ့ကြောင်းသိရသည်။

အလုပ်သမားခေါင်းဆောင်အပါအဝင် အလုပ်သမားလေးဦး အလုပ်ထုတ်ခံရမှုနှင့် ပတ်သက်၍ ဇွန် ၂၆ရက်တွင် လှိုင်သာယာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံး၌ အလုပ်ရှင်နှင့် ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်

The Standard Times

No comments:

Post a Comment