လားရှိုးမြို့ရှိ ဘုန်းကြီးကျောင်းတစ်ခုသို့ လူတစ်ဦး ဓားရှည်ကိုင်ကာ ဝင်ရောက်ရမ်းကားခြင်းကြောင့် သံဃာ တော်များ ဒဏ်ရာရရှိ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက်(၉)ရှိ ဘုန်းကြီးကျောင်းအတွင်းသို့ ဇွန် ၁၉ ရက်၊ ညပိုင်းက လူ တစ်ဦး ဓားရှည်ကိုင်ကာ ဝင်ရောက်ရမ်းကားခဲ့ခြင်းကြောင့် သံဃာတော်များ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဓါးရှည်ကိုင်ကာ ဝင်ရောက်ရမ်းကားသူမှာ အဆိုပါ ဘုန်းကြီးကျောင်းတွင် ဒုလ္လဘဝတ်ဖူးသူတစ်ဦးဖြစ်ပြီး ငှက်ကြီးတောင်ဓားရှည်ကိုင်၍ဝင်ရောက်ပြီး ကျောင်းရှိ သံဃာတော်များနှင့် ကပ္ပိယတို့အား ရိုက်နှက်ခြင်း၊ ကျောင်းရှိပစ္စည်းများအား ဖျက်ဆီးခြင်းများ ပြုလုပ်သွားခဲ့ကြောင်း သိရသည်။
“အရင်က အဲဒီကျောင်းမှာ ဘုန်းကြီးခဏဝတ်သွားခဲ့ဖူးတယ်လို့ သိရတယ်။ ကျွန်တော်တို့ရောက်သွားတော့ သူ က ငှက်ကြီးတောင်ဓားကြီးနဲ့ရမ်းနေတယ်။ ပစ္စည်းတွေ ဖျက်ဆီးနေလို့ ဝိုင်းဖမ်းတော့ လွတ်သွားတယ်။ ဘုန်းကြီး ငါးပါး ဒဏ်ရာရတယ်။ ဘုန်းကြီးနှစ်ပါးနဲ့ ကျောင်းသားတစ်ယောက်ကို ဆေးရုံကိုပို့ပေးလိုက်တယ်။ ပြန်လာပြီး တော့ လူစုပြီး စောင့်ဖမ်းတဲ့ အချိန်မှာ ပြန်မိတယ်။’’ဟု ရွှေကြေးစည်လူမှုကူညီရေးအသင်းဥက္ကဌ ဦးစိုင်းညီညီဟန်က ပြောသည်။
ဒဏ်ရရှိသော ဘုန်းကြီးနှစ်ပါးနှင့် ကပ္ပိယတစ်ဦးအား ဆေးရုံသို့ ပို့နေစဉ်အချိန်၌လည်း ဓါးကိုင်ဆောင် ရမ်းကားသူသည် ကျောင်းတွင်းသို့ ဒုတိယအကြိမ်ထပ်မံရောက်ရှိလာပြီး သံဃာတော်များအား ကြိမ်းမောင်းကာ ပြန်ထွက်သွားခဲ့ကြောင်း သိရသည်။
“ရဲစခန်းမှာတော့ တိုင်တာတွေ၊ အမှုဖွင့်ထားတာတော့ မရှိဘူး။ အခုချိန်ထိတော့ အမှုဖွင့်ထားတာမရှိဘူး။’’ဟု လားရှိုးမြို့မ ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ဇွန် ၂၀ ရက် နေ့လယ်(၁၂)နာရီတွင် ပြောသည်။
လက်နက်ကိုင်ဆောင်ရမ်းကားသူကို ရပ်ကွက်နေဒေသခံများက လူအင်အားဖြင့် စောင့်ဖမ်းစဉ် ၎င်းထံတွင် ဓား အတိုတစ်ချောင်းသာရှိတော့ပြီး ငှက်ကြီးတောင်ဓားအား ချောင်းအတွင်းသို့ လွှတ်ပစ်လိုက်ကြောင်း သိရကာ လူ အင်အားဖြင့် ဝိုင်းဝန်းဖမ်းဆီးခံလိုက်ရခြင်းကြောင့် ၎င်းတွင်လည်း ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးထား ကြောင်း သိရသည်။
Hinnthar Media
No comments:
Post a Comment