စာအုပ်နှင့်သီချင်းlink: အိန္ဒိယနိုင်ငံက ကျောင်းသား လူငယ်လေးတွေ တီထွင်ထားတဲ့ ကမ္ဘာ့ အသေးဆုံးနဲ့ အပေါ့ပါးဆုံး ဂြိုဟ်တု တစ်လုံးကို အမေရိကန် အာကာသ အေဂျင်စီ နာဆာက ဝေါလော့ပ်စ် ကျွန်း စခန်းကနေ ဇွန်လ ၂၂ ရက်နေ့က လွှတ်တင် လိုက်ပြီ ဖြစ်ပါတယ်။

Search This Blog

Thursday, June 22, 2017

အိန္ဒိယနိုင်ငံက ကျောင်းသား လူငယ်လေးတွေ တီထွင်ထားတဲ့ ကမ္ဘာ့ အသေးဆုံးနဲ့ အပေါ့ပါးဆုံး ဂြိုဟ်တု တစ်လုံးကို အမေရိကန် အာကာသ အေဂျင်စီ နာဆာက ဝေါလော့ပ်စ် ကျွန်း စခန်းကနေ ဇွန်လ ၂၂ ရက်နေ့က လွှတ်တင် လိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ ဂြိုဟ်တုကို အိန္ဒိယ နိုင်ငံရဲ့ သမ္မတကြီး အဖြစ် ထမ်းဆောင် ခဲ့သူလည်းဖြစ် ၊ နျူကလီယာ သိပ္ပံပညာရှင် တစ်ယောက်လည်း ဖြစ်တဲ့ ဒေါက်တာ အဗ္ဗဒူ ကာလမ်ကို ဂုဏ်ပြုပြီး “ကာလမ်ဆက်” လို့ နာမည် ပေးထားပါတယ်။

၆၄ ဂရမ် သာ လေးတဲ့ အဲဒီ ဂြိုဟ်တုကို ၁၈ နှစ်သား အရွယ် ရီဖတ်သ် ရှရွတ်ခ် ဆိုတဲ့ ကျောင်းသား လူငယ်နဲ့ သူငယ်ချင်း အတန်းဖော် နောက် ၆ ဦးတို့ ပူးပေါင်းပြီး ဒီဇိုင်းထုတ် တီထွင် ထားပါတယ်။

အဲဒီ ဂြိုဟ်တုငယ်ဟာ လူငယ်ဒီဇိုင်း ပြိုင်ပွဲမှာလည်း အကောင်းဆုံးဆု ရခဲ့ပါတယ်။ #ဘီဘီစီမြန်မာပိုင်း #အသေးဆုံးဂြိုဟ်တု

No comments:

Post a Comment