စာအုပ်နှင့်သီချင်းlink: ဘင်္ဂလီအကြမ်းဖက်သမားများစခန်းချထားသည့် လှိုဏ်ဂူတွေ့ရှိ အကြမ်းဖက်သမား၃ဦးအသေဖမ်းမိ ============================

Search This Blog

Wednesday, June 21, 2017

ဘင်္ဂလီအကြမ်းဖက်သမားများစခန်းချထားသည့် လှိုဏ်ဂူတွေ့ရှိ အကြမ်းဖက်သမား၃ဦးအသေဖမ်းမိ ============================

ဘင်္ဂလီအကြမ်းဖက်သမားများစခန်းချထားသည့် လှိုဏ်ဂူတွေ့ရှိ  အကြမ်းဖက်သမား၃ဦးအသေဖမ်းမိ
============================

မောင်တောမြို့နယ်တောင်ပိုင်း ကင်းချောင်းကျေးရွာ အထက်ပိုင်း မေယုတောင်ကြောထဲတွင် ဘင်္ဂလီများ အခြေချစခန်း အခိုင်အမာတည်ဆောက်ထားသော လိုက်ဂူတစ်ခုကို တပ်မတော်နှင့် နယ်ခြားစောင့် ပူးပေါင်းအဖွဲ့မှ ယနေ့ နံနက်ပိုင်းက လိုက်လံရှာဖွေတွေ့ရှိခဲ့ကြောင်း မောင်တောမြို့ တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ဂူထဲတွင် ပဲအိတ် ၅၀ ၊ ဆန်အိပ်အနည်းအငယ်နှင့် တိုက်ခိုက်လေ့ကျင့်ရေး လက်နက်များ တွေ့ရှိကြောင်း လမ်းပြလိုက်ပါခဲ့သော ကင်းချောင်းကျေးရွာမှ ဒေသခံက ပြောသည်။

“ တိုက်ခိုက်မှုကတော့ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာမဟုတ်ဘူး၊ ဂူထဲမှထွက်လာတဲ့ အကြမ်ဖက်သမားတစ်ယောက်ကိုတော့ ပစ်ခတ်တာ တွေ့လိုက်တယ်။ တိုက်ပွဲကလည်း အချိန်အကြာကြီးမဟုတ်ပါဘူး။ အဓိကတော့ ဘင်္ဂလီအကြမ်းဖက်တွေစုပြီး စစ်ရေးလေ့ကျင့်တဲ့ နေရာဖြစ်နေတဲ့အတွက် ပစ်ခတ်ရှင်းလင်းတာဖြစ်ပါတယ်။ ” ဟု ပြောသည်။ 

ဘင်္ဂလီအကြမ်းဖက်သမားများနှင့် အစိုးရတပ်မတော်တို့ အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ကြောင်း ခရေမြိုင်ကျေးရွာသားများ ပြောဆိုနေကြပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ကြကြေင်း၊ သို့သော်လည်း တပ်မတော်ဘက်မှ ယင်းလိုက်ဂူထဲကို ပစ်ခတ်ဖြိုခွဲသည့် သဘောသာဖြစ်ကြောင်း၊ ဂူအထဲတွင် အကြမ်းဖက်သမားများမရှိကြောင်း နယ်ခြားစောင့် တာဝန်ရှိသူတစ်ဦးက DMG သို့ ပြောဆိုသည်။

အကြမ်းဖက်ဘင်္ဂလီများတွင် အရပ်သားအသွင် ခြေရာဖျောက်နေပြီး အချိန်းအချက်လုပ်ကာ အဆိုပါစခန်းမှာ လျှို့ဝှက်လေ့ကျင့်ရေးများ လုပ်သည့်သဘောဖြစ်ကြောင်းနှင့် ရိက္ခာများမှာ တစ်ဖက်နိုင်ငံမှ အကြမ်းဖက်အဖွဲ့များ လာရောက်ခိုလှုံလျှင် အဆင်သင့်ရှိနေအောင် စုဆောင်းထားပုံရကြောင်း မောင်တော နိုင်ငံရေးအဖွဲ့အစည်းများက သူကသုံးသပ်ပြောဆိုကြသည်။

Copy from Zaw Myo Thein
(ဓါတ်ပုံများမှာ - ဆန်အိတ် ၅ အိတ်၊ ကုလားပဲအိတ် ၁၁၀၊ လုပ်သေနတ် ၂ လက်၊ ယမ်းမှုန့်ယမ်းကြိုးနှင့် လေ့ကျင့်ရေးသေနတ် ၂၂ လက်တို့ကို ဖမ်းဆီးရမိခဲ့သည်။ ဓါတ်ပုံ - ချလူးအောင်/DMG)

No comments:

Post a Comment