စာအုပ်နှင့်သီချင်းlink: ပည်ပကြွေးမြီ ဒေါ်လာ သန်းကိုးထောင်ခန့်တွင် တရုတ်နိုင်ငံသို့ သန်းလေးထောင်ခန့်ဖြင့် အများဆုံးပေးဆပ်ရန်ရှိ .....

Search This Blog

Wednesday, June 21, 2017

ပည်ပကြွေးမြီ ဒေါ်လာ သန်းကိုးထောင်ခန့်တွင် တရုတ်နိုင်ငံသို့ သန်းလေးထောင်ခန့်ဖြင့် အများဆုံးပေးဆပ်ရန်ရှိ .....

ပြည်ပကြွေးမြီ ဒေါ်လာ သန်းကိုးထောင်ခန့်တွင် တရုတ်နိုင်ငံသို့ သန်းလေးထောင်ခန့်ဖြင့် အများဆုံးပေးဆပ်ရန်ရှိ .....

မြန်မာနိုင်ငံက ပြည်ပ နိုင်ငံများသို့ ပေးရမည့်ကြွေးမြီ ကန် ဒေါ်လာ သန်း ၉,၀၀၀ ခန့်ရှိသည့်အနက် တရုတ်နိုင်ငံသို့ သန်း ၄,၀၀၀ ခန့်ဖြင့် အ များဆုံးပေးရမည်ဖြစ်ကာ ဒုတိယ အနေဖြင့် ဂျပန်နိုင်ငံသို့ သန်း ၂,၀၀၀ ခန့် ပေးရမည်ဖြစ်သည်။

၂၀၁၆ ကုန်ပိုင်းအထိ ပြည်ပချေး ငွေ ကန်ဒေါ်လာ ၈,၉၈၉ ဒသမ ၉ သန်း (ကျပ် ၁၀,၆၅၃ ဘီလီယံ)ရှိရာ ADB၊ IDA တို့အပါအ၀င် အပြည်ပြည်ဆိုင် ရာအဖွဲ့အစည်းများထံမှ ဒေါ်လာ ၁,၃၆၄ ဒသမ ၂ သန်း ချေးယူထားပြီး နှစ်နိုင်ငံ အစိုးရချေးငွေသည် ဒေါ်လာ ၇,၆၂၅ ဒသမ ၇ သန်း ရှိကြောင်း နေ ပြည်တော်၌ ဇွန်လ ၂၀ ရက်က ကျင်းပသည့်  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမှုများအရ သိရသည်။

နှစ်နိုင်ငံအစိုးရ ချေးငွေများ အနက် တရုတ်နိုင်ငံသို့ ကန်ဒေါ် လာ ၃,၉၅၅ ဒသမ ၇ သန်း ဂျပန် နိုင်ငံသို့ ဒေါ်လာ ၁,၉၉၈ ဒသမ ၇ သန်း၊ ဂျာမနီနိုင်ငံမှ ၆၈၃ သန်းပေးရမည်ဖြစ်ပြီး အခြားနိုင်ငံ များသို့ ၉၈၈ ဒသမ ၃ သန်းပေးရ မည်ဖြစ်သည်။

‘‘ပြည်ပ ချေးငွေအများစုက တော့ ဆိုင်းငံ့ကာလာ ဆယ်နှစ်နဲ့ ဆိုင်းငံ့ကာလ အပါအ၀င် ချေးငွေ သက်တမ်းလေးဆယ်နှစ်အထိရှိ ပါတယ်’’ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအဖွဲ့ဝင် အ မျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါ်ထုမေက ပြောကြားသည်။

ယခု ဘဏ္ဍာနှစ်တွင် ပြည်တွင်း၊ ပြည်ပ ချေးယူငွေနှစ်ရပ်စ လုံးအတွက် ချေးယူနိုင်ခွင့်ရှိသည့် အများဆုံးပမာဏသည် ကျပ် ၅,၂၀၀ ဘီလီယံဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ လွှတ်တော်သို့ တင်ပြဆွေး နွေးချက်အရ သိရသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ် ၂၀၁၆ ဒီဇင်ဘာ ၃၁ ရက်အထိ ပြည်ပချေးငွေ ကျပ်ဘီလီယံ ၁၀,၆၅၃ နှင့် ပြည်တွင်းချေးငွေ ကျပ် ဘီလီယံ ၁၆,၃၃၄ ဒသမ ၄ စုစုပေါင်း နိုင်ငံတော်၏ ပြည် တွင်း၊ ပြည်ပ ကြွေးမြီပမာဏ သည် ကျပ်ဘီလီယံ ၂၆,၉၈၇ ဒသမ ၄ ဖြစ်သည်။

7Day News

No comments:

Post a Comment