စာအုပ်နှင့်သီချင်းlink: မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အထိတ်တလန့်ဖြစ်

Search This Blog

Thursday, June 22, 2017

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အထိတ်တလန့်ဖြစ်

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အထိတ်တလန့်ဖြစ်

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ စားသောက်ဆိုင်တစ်ခု၏ စားဖိုဆောင်အတွင်း ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဂက်စ်အိုးပိုက် ပြုတ်ထွက်ရာမှ မီးခိုးများ ထွက်လာသည့်အတွက် ခရီးသည်များ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း တံတားဦးမြို့နယ် ရဲစခန်းထံမှ သိရသည်။

“ဂက်စ်အိုးက ပိုက်ပြုတ်ထွက်ပြီး မီးခိုးတွေ ထွက်လာတာပါ။ အလိုအလျောက် မီးငြှိမ်းသတ်စနစ်က ရေတွေ ပန်းထွက်လာပြီးတော့ မီးငြိမ်းသွားခဲ့ပါတယ်၊ မီးမလောင်ပါဘူး။ ဂက်စ်အိုး ပေါက်ထွက်တယ် ဆိုတာလည်း မဟုတ်ပါဘူးဗျ။ လူတွေ ထိခိုက်ဒဏ်ရာ ရတာလည်း မရှိခဲ့ပါဘူး”ဟု ယင်းရဲစခန်းမှ တာဝန်ကျအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန်ခန့်က တံတားဦးလေဆိပ် ပြည်ပ ထွက်ခွာဆောင် ပထမထပ် ခရီးသည်များနားနေရာ (Public Area) အတွင်းရှိ စားသောက်ဆိုင် တစ်ခုအတွင်း ဖြစ်ပွားခဲ့ရာ ယင်း ၂ နာရီ ၅၅ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

The Voice

No comments:

Post a Comment