ဂျင်းကောင်တွေ နန်းဆန်ပြီး ဂါနေဖွာနကြတဲ့ ပိန်းဥဖမ်းသူများ လူငယ်တွေကြား အသုံးများလာတဲ့ ဗန်းစကားများ
----------------------
ဖေ့စ်ဘုတ်ခ်အသုံး တွင်ကျယ်လာတာကလည်း လူငယ်တွေကြားမှာ ဗန်းစကားတွေ ပျံ့နှံ့စေပါတယ်။
#ဂျင်းကောင်
ရန်ကုန်မြို့လူစည်ကားတဲ့နေရာတစ်ခုဖြစ်တဲ့ မြေနီကုန်းက ဒဂုံစင်တာ ကုန်တိုက်ရှေ့မှာ လူငယ်တစ်စုကားစုငှားနေ ကြပါတယ်။ အဲသည်အချိန်မှာ ဗိုလ်အောင်ဒင်ချစ်သော မိန်းမများဇာတ်ကားထဲက မြင့်မြတ်လေသံနဲ့ ကောင်လေးတစ်ယောက်က ထအော်လိုက်တယ်။
ဟျောင့် ဂျင်းကောင်၊ မင်း ဘာဂျင်းတွေထည့်ဦးမလို့လဲ၊ ဒီလမ်းကို ငါသွားနေကျသိတယ်၊ ငါတို့ကို တောသားများမှတ်နေလားလို့ဆိုပြီး တက္ကစီမောင်းတဲ့သူကို ပြောနေတာပါ။
ဂျင်းကောင်ဆိုတာ မြင့်မြတ်ရဲ့ဗိုလ်အောင်ဒင်ဇာတ်လမ်းကနေစပြီး နာမည်ကြီးသွားတာဖြစ်တယ်။ မသိနားမလည်တဲ့ သူတစ်ယောက်ကို လိမ်လည်ဂျင်းထည့်တဲ့ သဘောမျိုးဖြစ်ပါတယ်။ ဥပမာ – စားaသာက်ဆိုင်တွေမှာ အခွန် မတရားကောက်ခံတာတွေ၊ တက္ကစီခ မတန်တဆတောင်းတဲ့အခါတွေမှာတောင်းတဲ့သူကို ဂျင်းကောင် ဆိုပြီး ပြောဆိုသုံးနှုန်းကြတာဖြစ်ပါတယ်။
#နန်းဆန်တယ်
သည်အသုံးအနှုန်းက မြင့်မြတ်ရဲ့ဗိုလ် အောင်ဒင်ဇာတ်လမ်းကနေစပြီး နာမည်ကြီးသွားတာဖြစ်တယ်။ မြင့်မြတ်ကအရန်မင်းသမီး တစ်ယောက်ကို ညီမလေးအလှက နန်းဆန်တယ်လို့ ပြောရာကနေ လူမှုကွန်ရက်အထိရေပန်း စားလာတာ ဖြစ်ပါတယ်။
ဖေ့စ်ဘုတ်ခ်ပေါ်မှာ လူပြောအများဆုံး စကားဖြစ်သလို တချို့မိန်း ကလေးတွေကတော့ အဲသည်လိုပြောခံရတာကိုမကြိုက်နှစ်သက်ကြပါ ဘူး။ လူတစ်စုကတော့ နန်းဆန်တယ်ဆိုတဲ့အသုံးအနှုန်းကိုနန်း စကားလုံးပါတဲ့ နာမည်တွေနဲ့ နာမည်ကြီး ဆယ်လီတွေများနေ တာကြောင့် နန်းပါတဲ့သူတွေက နန်းဆန်အောင်လှတယ်လို့ သတ်မှတ်သုံးနှုန်းကြသလို တချို့ကတော့အရမ်းလှပြီးချောတဲ့သူကို နန်းဆန်တယ်လို့ သုံးနှုန်းကြပါတယ်။
#အောလီအောလက်
အတွဲတစ်တွဲမှာမိန်းကလေးဘက်ကကြည့်ကောင်းသားနားနေပြီး ယောကျာ်းလေးဘက်က တောက်တောက်ပြောင်ပြောင်မရှိတဲ့အနေ အထားမျိုးဆိုရင် ဟိုဘဲရုပ်ကအောလီအောလက်နဲ့ ဆိုပြီး လူငယ် အသိုင်းအဝိုင်းမှာသရော်တဲ့ အသုံးအနှုန်းမျိုးနဲ့သုံးကြတယ်။
အောလီအောလက်ဆိုတာကတော့ မိန်းမလျာ၊ ဂေးတွေရဲ့အသုံး အနှုန်းဖြစ်ပြီး ဆိုရှယ်ပိုင်းအထိကူးစက်ပျံ့နှံ့လာတာပါ။ အောလီအောလက်ဆိုတာကတော့ အပေအတေနဲ့အောက်တန်းကျ တဲ့ပုံစံမျိုးကိုဆိုလိုတာဖြစ်ပါတယ်။
#မထော်မနန်း
ရှိုးပွဲတစ်ခုမှာ မိန်းကလေးတစ်ယောက်ဝတ်စားဆင်ယင်ပုံရှုပ်ယှက် ခတ်နေပြီး ကြည့်မကောင်းရင် ဟိုစော်ဝတ်လာတာကိုကြည့်စမ်း၊ မထော်မနန်းတွေလုပ်လာတာဆိုပြီး ကဲ့ရဲ့ပြစ်တင်ပြောဆိုတဲ့ အသုံး အနှုန်းဖြစ်ပါတယ်။
မထော်မနန်းကတော့ အဝတ်အစားဒီဇိုင်းကိုဖြစ်စေ၊ လုပ်ပုံကိုင်ပုံ နေပုံထိုင်ပုံကိုဖြစ်စေခေတ်စကားအရ ဂွမ်းတယ်ဆိုတဲ့သဘောမျိုးဖြစ် ပါတယ်။ နောက်တစ်မျိုးကတော့ ကိုးလိုးကန့်လန့်လုပ်တာတွေ၊ လူ့ခွစာကျတာကိုလည်း သုံးနှုန်းတာကိုတွေ့ရပါတယ်။
#ဂါနေတယ်
ဝိုင်းစုခိုင်သိန်းရဲ့ ဂါ နာမည်နဲ့သီချင်းအယ်လ်ဘမ်တစ်ခုကနေရေပန်း စားလာတာပါ။ နင့်ရုပ်ကြည့်ရတာလဲ ဂါနေလိုက်တာလို့ တက်ကြွမှုမရှိတဲ့သူတွေ ကို ပြောဆိုရာမှာသုံးနှုန်းကြတာဖြစ်ပါတယ်။ ဂါနေတယ်ဆိုတာကတော့ကြောင် တောင်တောင်ဖြစ်တဲ့ အဓိပ္ဗာယ်ကို ဆိုလိုတာဖြစ်တယ်။
#ဂလု
ဂလုမရယ် ဂလုနေတာလားဆိုပြီးပေါက်တတ်ကရတွေးခေါ်တတ်တဲ့သူတွေကိုစနောက်ပြီးခေါ်ဆိုတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ ဂလုတယ်ဆိုတာကတော့ ဉာဏ်ရည်မမီတဲ့ သူတွေကိပြောသလို စိတ်မနှံ့တဲ့အတွေးအခေါ်နဲ့ လူတွေကိုခေါ်တဲ့နေရာမှာသုံးပါတယ်။ တချို့ကတော့ သူငယ်ချင်းအပေါင်းအသင်းတွေကိုမခံချင်အောင် စနောက်ရာမှာသုံးကြပါတယ်။
#ဗရမ်းပတာတွေပါဟယ်
ဗရမ်းပတာဆိုတဲ့ အသုံးအနှုန်းကတော့ အဆန်းတကြယ်မဟုတ်ပါ ဘူး။ ဒါပေမဲ့ ရုပ်ရှင်သရုပ်ဆောင်မြင့်မြတ်ရဲ့မိန်းမလျာနေရာက သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်မှာ ဗရမ်းပတာတွေပါဟယ် ဆိုပြီးတစ်ခုခုကို စိတ်ပျက်လက်ပျက် သဘောမျိုးပြောတဲ့ အသုံးအနှုန်းကနေ ဖေ့စ်ဘုတ်ခ်က troller တွေရဲ့ troll မှုကနေလူသုံးများလာတာပါ။
#လင်ပန်းချင်းရိုက်တယ်
လင်ပန်းချင်းရိုက်တယ်ဆိုတာကတော့ မိန်းကလေးအချင်းချင်း စိတ်ဝင်စားပြီး ရည်ငံတာကိုအပြောင်အပြက်သဘောမျိုးသုံးနှုန်း ကြတာဖြစ်ပါတယ်။ မိန်းကလေးလေး အချင်းချင်းပရောပရည်နေတာမျိုးတွေကို စနောက်တဲ့သဘော မျိုးနဲ့ လင်ပန်းချင်းရိုက်တာ လားဆိုပြီး ပြောဆိုကြတာပါ။
#ဖွာနေတယ်
သည်အသုံးအနှုန်းကတော့ ငွေကြေးချမ်းသာတဲ့ အသက်ကြီးကြီး အမျိုးသမီးတွေက ရုပ်ရည်ချောမောပြီးငယ်ရွယ်တဲ့ အမျိုးသားတွေကို သဘောကျတဲ့အခါငွေကြေး၊ ပစ္စည်းတွေနဲ့ပံ့ပိုးပေးတာကို မိန်းကလေး ငယ်တွေဘက်က ဒီအဘွားကြီး အဲဒီကောင်လေးကို ဖွာနေတာလို့ သုံးနှုန်းကြပါတယ်။
#ပိန်းဥဖမ်းတယ်
ဖေ့စ်ဘုတ်ခ်မှာဆိုရင်ဒီဟာကို share ရင်တစ်ပတ်အတွင်းငွေဝင်မယ်၊ ကွန်မန့်မှာ(:gae) ဆိုပြီး ရိုက်ရင် ဖူးစာရှင်နာမည်ပေါ်မယ်စတဲ့ အရာတွေကို မစဉ်းစားဘဲလိုက်လုပ်တတ်တဲ့သူတွေကိုပိန်းဥဖမ်း တယ်လို့ ဆိုကြပါတယ်။ တစ်နည်းအားဖြင့် လူပြိန်းဖမ်းတယ်ဆိုတဲ့သဘောပါပဲ။
Author – မေဘယ်လ်၊ လိမ္မာ
Kumudra
No comments:
Post a Comment