စာအုပ်နှင့်သီချင်းlink: ယ နေ့အတွက် နောက် ဆုံးရသတင်းများ ========================================= ချဲလ်ဆီး အသင်းဟာ PSG နောက် ခံလူ ဆာဂျီ အူရီယာ ကို ခေါ်ယူဖို့ စိတ် ၀င် စားမှုပြသလာခဲ့တယ် လို့ သတင်းရရှိပါတယ် ။

Search This Blog

Friday, August 4, 2017

ယ နေ့အတွက် နောက် ဆုံးရသတင်းများ ========================================= ချဲလ်ဆီး အသင်းဟာ PSG နောက် ခံလူ ဆာဂျီ အူရီယာ ကို ခေါ်ယူဖို့ စိတ် ၀င် စားမှုပြသလာခဲ့တယ် လို့ သတင်းရရှိပါတယ် ။

ယ နေ့အတွက် နောက် ဆုံးရသတင်းများ

=========================================

ချဲလ်ဆီး အသင်းဟာ PSG နောက် ခံလူ ဆာဂျီ အူရီယာ ကို ခေါ်ယူဖို့ စိတ် ၀င် စားမှုပြသလာခဲ့တယ် လို့ သတင်းရရှိပါတယ် ။

အင် တာမီလန် အသင်းဟာ ဒေါ့မွန် ကစားသမားလေး အမ် မရီ မော် ကို မကြာမီ ရက် ပိုင်းအတွင်း မှာ ခေါ်ယူ နိုင် ဖို့ ရှိနေတယ် လို့ သိရှိရပါတယ် ။

ဂျုဗင် တပ် အသင်းဟာလည်း ဗလင် စီယာ နောက် ခံလူ ဂါရေး ကို ခေါ်ယူဖို့ စိတ် ၀င် စားနေပြီး အရ ခေါ်ယူ နိုင် မယ် လို့လည်း ယုံကြည် ထားကြောင်း သိရပါတယ် ။

ရီးရဲမက်ဒရစ် အသင်းဟာ မိုနာကို စတား ဘတ် ပီ ကို ခေါ်ယူနိုင် ဖို့ အတွက် ဂါရတ်ဘေးလ် ကို ရောင်းထုတ် ဖို့ လိုအပ် တယ် လို့လည်း စပိန် သတင်းစာ မာကာ က ရေးသားသွားခဲ့ပါတယ် ။

နေမာ ဟာ PSG မှာ တစ် ပတ် ပေါင် ၅ သိန်း ရရှိခဲ့ပေမယ့် ကမ္ဘာ့ ဒုတိယ ၀င် ငွေအများဆုံးကစားသမားအဖြစ် သာ ရှိနေပြီး တရုတ် စူပါလိဂ် မှာ ကစားနေတဲ့ ကားလိုစ့် တိဗက် ဟာ တစ် ပတ် ပေါင် ၆၅၀၀၀၀ ၀င် ငွေ ရှိ တယ် လို့ သိရပါတယ် ။

ဝက်ဖိုဒ့် အသင်းဟာ လီဗာပူး ကစားသမားလေး မိုရီနို ကို ခေါ်ယူဖို့ စိတ် ၀င် စားနေတယ် လို့ ကြားသိရ ပါတယ် ။

မစ် ဒယ် ဘ ရော့ ကစားသမား ဂတ် စတွန် ရာမီရက် ဟာ ဆမ့်ဒိုး၇ီးယား အသင်းဆီ ပြောင်းရွှေ့သွားခဲံပြီ ဖြစ် ပါတယ် ။

နယူးကာဆယ် အသင်းဟာ စတုတ် ကစားသမား ဟိုဆီလူ အတွက် စုံစမ်းမှုပြုလုပ် ခဲ့ပေမယ့် စတုတ် က တော့ အ ပြောင်းအ ရွှေ့အတွက် ဆွေးနွေးမှာမဟုတ်ဘူးလို့အ ကြောင်းပြန် ခဲ့ပါတယ် ။

စတုတ် စီးတီး ဟာ ဂျုဗင် တပ် ကွင်းလယ်လူ မာရီယို လီမီနာ ကို ခေါ်ယူနိုင် ဖို့ ကြိုးပမ်းနေတယ် လို့လည်း သတင်းရရှိပါတယ် ။

မိုနာကို စတား ဘတ် ပီ  ဘာစီလိုနာ အသင်းထံ ရောက် ရှိနိုင် ခြေ ကို ၂-၁ လေး ၊ ရီးရဲမက်ဒရစ် ထံ ရောက် ရှိနိုင် ခြေ ၈-၁၁ လေး ၊ မိုနာကိုမှာ ဆက် ရှိနိုင် ခြေ ၅-၂ လေး ပေးကာ ကြေးဖွင့်လှစ် ထားတယ် လို့ သိရပါတယ် ။

No comments:

Post a Comment