စာအုပ်နှင့်သီချင်းlink: နောက်ဆုံးရ ဘောလုံးသတင်းစုံ အတိုအထွာ =========================== . ဘာစီလိုနာ အသင်း ပရိသတ်တွေဟာ နူးကမ့်ကွင်းရဲ့ အပြင်ဘက် တစ်ခုမှာ နေမာကို ကြေးစားသမားလို့ စွပ်စွဲထားတဲ့ စာသားအပြင် နေမာပုံပါတဲ့ ပိုစတာတစ်ခုကပ်ထားခဲ့ကာ အသင်းကနေ ထွက်ခွာသွားဖို့ အလိုရှိကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်။
Search This Blog
Tuesday, August 1, 2017
နောက်ဆုံးရ ဘောလုံးသတင်းစုံ အတိုအထွာ =========================== . ဘာစီလိုနာ အသင်း ပရိသတ်တွေဟာ နူးကမ့်ကွင်းရဲ့ အပြင်ဘက် တစ်ခုမှာ နေမာကို ကြေးစားသမားလို့ စွပ်စွဲထားတဲ့ စာသားအပြင် နေမာပုံပါတဲ့ ပိုစတာတစ်ခုကပ်ထားခဲ့ကာ အသင်းကနေ ထွက်ခွာသွားဖို့ အလိုရှိကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်။
နောက်ဆုံးရ ဘောလုံးသတင်းစုံ အတိုအထွာ
===========================
.
ဘာစီလိုနာ အသင်း ပရိသတ်တွေဟာ နူးကမ့်ကွင်းရဲ့ အပြင်ဘက် တစ်ခုမှာ နေမာကို ကြေးစားသမားလို့ စွပ်စွဲထားတဲ့ စာသားအပြင် နေမာပုံပါတဲ့ ပိုစတာတစ်ခုကပ်ထားခဲ့ကာ အသင်းကနေ ထွက်ခွာသွားဖို့ အလိုရှိကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်။
လီယွန်နယ်မက်ဆီဟာ သူရဲ့ သူငယ်ချင်းတွေကို နေမာဟာ အသင်းက ထွက်ခွာသွားတော့မှာ ဖြစ်ပြီး ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းကို ရောက်ရှိဖို့ သဘောတူညီမှု ရရှိထားခဲ့ပြီလို့ ပြောဆိုခဲ့ကြောင်း စပိန်သတင်းစာ ဒီယာရီယို ဂေါကဖော်ပြခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း နည်းပြ အန်ဆယ်လော့တီက ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာအတွေ့ အကြုံရှိ အင်္ဂလန် ကလပ်အသင်းများ ပါဝင်လာသောကြောင့် ပြိုင်ဆိုင်မှုပြင်းထန်မှာဖြစ်ကြောင်း ဆိုပါတယ်။
မာလာဂါ အသင်းဟာ အသက် ၂၄ နှစ်အရွယ်ရှိ ဘိုလောနာ့အသင်းရဲ့ ကွင်းလယ်ကစားသမား လိုရန်ဇို ခရစ်စီတစ်ကို ခေါ်ယူရန် စိတ်ဝင်စားလာပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းကစားသမားဟောင်း ရွိုင်ယန် ဂစ်က လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်မယ် အသင်း ၅ သင်းဟာ မန်ချက်စတာယူနိုက်တက်၊ မန်စီးတီး၊ ချဲလ်ဆီး၊ စပါး၊ အဲဗာတန်တို့ ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး အာဆင်နယ်နဲ့ လီဗာပူးအသင်း နှစ်သင်းအကြောင်းကိုတော့ တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။
ဆီဗီလာအသင်းဟာ ဒိန်းမတ်လက်ရွေးစင် အသင်းခေါင်းဆောင် ဆိုင်မွန် ခါဂျာကို ခေါ်ယူဖို့ ယူရို ၁၀ သန်းဖြင့်  ဖီအိုရင်တီးနားအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီး အဆိုပါ ကစားသမားဟာ ဆီဗီလာအသင်းနဲ့ မကြာမီ ဆေးစစ်မှုခံယူသွားဖွယ် ရှိနေပါတယ်။
ဒေါမွန့် တောင်ပံကစားသမား အောက်စ်မာနီ ဒမ်ဘီလီဟာ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ အသင်းဖော် ဂိုးသမားရိုမန် ဘာကီနဲ့  စကားများ ရန်ဖြစ်ခဲ့တာကြောင့် ဘာစီလိုနာကို ပြောင်းရွေ့ တော့မယ်လို့  သတင်းများ ကျယ်ကျယ်ပြန့် ပြန့်  ထွက်ပေါ်လာခဲ့ပါတယ်။
အဆိုပါ ဖြစ်ရပ်မျိုးဟာ နေမာနဲ့ ဆီမီဒို ၊ နာဘီကီတာ နဲ့ ဒီယာဂို ဒမ်မီတို့ 
အဖြစ်နဲ့ ဆင်တူနေပါတယ်။
ပီအက်စ်ဂျီအသင်းဟာ နေမာကို ရောက်ရှိလာဖို့ အတွက် ဆာဂျီ အူရီရာနဲ့ ဘလိုင်စီ မာတူဒီတို့ ကစားသမားနှစ်ဦးကို လက်လွှတ်သွားဖွယ်ရှိပါတယ်။
ဆာဂျီ အူရီရာကို မန်ချက်စတာယူနိုက်တက် အသင်းက သဘောတူညီမှုရခဲ့ပြီလို့  သတင်းတွေ ထွက်ပေါ်နေပြီး မာတူဒီကိုလည်း ဂျုဗင်တပ်စ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
တိုက်စစ်မှုး အီဘရာမိုဗစ်ဟာလမ်းမပေါ်မှာ နော်ဝေဘောလုံးအလှပြကစားတဲ့သူနဲ့ အပြိုင်သူရဲ့အရည်အသွေးကို ပြကာ ဘောလုံးကစားခဲ့ပါတယ်။
ဂယ်ရီနဗီးလ်က မန်ချက်စတာယူနိုက်တက် အသင်းကို ကွင်းလယ်လူ မာတစ်ရောက်ရှိလာတာ ၀မ်းသာပေမဲ့လည်း ချဲလ်ဆီးအသင်းက သူကိုရောင်းချခဲ့တာဟာ အံသြစရာဖြစ်ကြောင်းဆိုပါတယ်။
ဖီအိုရင်တီးနား ကွင်းလယ်ကစားသမား မာတီရက်စ် ဗီစီနိုဟာ အင်တာအသင်းနဲ့  ဆေးစစ်ဖို့ ဟူမန်နီဒက်စ်ဆေးရုံကိုရောက်ရှိနေပြီဖြစ်ပါတယ်။
ဆွမ်ဆီး အသင်းခေါင်းဆောင်ဘရိုက်တန်ဟာ ကွင်းလယ် လူဆီဂတ်ဆန်ကို အဲဗာတန်အသင်းကို ပြောင်းရွေ့ သွားဖို့ မျော်လင့်လျက်ရှိပါတယ်။
ဖီအိုရင်တီးနား တိုက်စစ်မှုးနီကိုလာ က လီနစ်ဟာ အေစီမီလန်အသင်းကို ရောက်ရှိဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းအကျီ င်္ လက်မောင်းတံဆိပ်အတွက် ဖုန်းအပီကေရှင်း ကုမ္မဏီတစ်ခုဖြစ်တဲ့ တင်ဒါနဲ့ တစ်နှစ်ပေါင် ၁၂ သန်းခန့် ချုပ်ဆိုဖို့  တွေ့ ဆုံဆွေးနွေးနေပါတယ်။
.
.........................................................
No comments:
Post a Comment