စာအုပ်နှင့်သီချင်းlink: ယနေ့အတွက် အပြောင်းအရွှေ့သတင်းတိုများ *********************************** ♦ ပီအက်စ်ဂျီအသင်းသည် မန်ယူအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ကခေါ်ယူရန်အလိုရှိနေသည့် နောက်ခံလူအော်ရီယာကို ပြောင်းရွှေ့ကြေးပေါင် (၂၇) သန်းသတ်မှတ်ခဲ့သည်။

Search This Blog

Tuesday, August 8, 2017

ယနေ့အတွက် အပြောင်းအရွှေ့သတင်းတိုများ *********************************** ♦ ပီအက်စ်ဂျီအသင်းသည် မန်ယူအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ကခေါ်ယူရန်အလိုရှိနေသည့် နောက်ခံလူအော်ရီယာကို ပြောင်းရွှေ့ကြေးပေါင် (၂၇) သန်းသတ်မှတ်ခဲ့သည်။

ယနေ့အတွက် အပြောင်းအရွှေ့သတင်းတိုများ
***********************************

♦ ပီအက်စ်ဂျီအသင်းသည် မန်ယူအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ကခေါ်ယူရန်အလိုရှိနေသည့် နောက်ခံလူအော်ရီယာကို ပြောင်းရွှေ့ကြေးပေါင် (၂၇) သန်းသတ်မှတ်ခဲ့သည်။

♦ အာဆင်နယ်အသင်းကခေါ်ယူရန်ပစ်မှတ်
ထားနေသည့် မိုနာကိုကြယ်ပွင့်သောမတ်စ်လီမာကို ဘာစီလိုနာအသင်းကလည်းခေါ်ယူရန်ကြိုးစားလာခဲ့သည်။

♦ အသင်းကနေထွက်ခွာခွင့်တောင်းဆိုခဲ့သည့် ဆောက်သမ်တန်အသင်းနောက်ခံလူ ဗန်ဒိုက်ကို လီဗာပူးလ်အသင်းက ပေါင်သန်း (၆၀) နှင့်ကမ်းလှမ်းရန်စီစဉ်နေခဲ့သည်။

♦ မန်ယူအသင်းသည် လူငယ်နောက်ခံလူနှစ်ဦးဖြစ်သည့် ဖိုဆူမန်ဆက်နှင့် ဘော့ဝစ်ဂျက်ဆင်တို့ကို ခရစ်စတယ်လ်ပဲလေ့စ်အသင်းနှင့် လိဒ်ယူနိုက်တက်အသင်းတို့ထံ အငှားချထားခဲ့သည်။

♦ အာဆင်နယ်အသင်းမှထွက်ခွာလိုနေသည့် တောင်ပံကစားသမားလူးကပ်စ်ပီရက်ဇ်သည် ပြောင်းရွှေ့ကြေးသတ်မှတ်ပေးရန် အသင်းအားတောင်းဆိုခဲ့သည်။

♦ ဘာစီလိုနာအသင်းမှခေါ်ယူလိုနေသည့် တောင်ပံကစားသမားကော်တင်ညိုကို လီဗာပူးလ်အသင်းအနေနှင့် မည်သည့်ကမ်းလှမ်းမှုမျိုးကိုမဆို လက်ခံစဉ်းစားသွားမှာမဟုတ်ကြောင်း ပြည်ပမီဒီယာတွေကဖော်ပြခဲ့သည်။

♦ ပီအက်စ်ဂျီအသင်းသည် နေမာကိုခေါ်ယူခဲ့ပြီးနောက် မိုနာကိုကြယ်ပွင့်ကစားသမား ဘာပေကိုခေါ်ယူရန်ပစ်မှတ်ထားလာခဲ့သည်ဟု သတင်းတွေထွက်ပေါ်လာခဲ့သည်။

♦ စပါးစ်အသင်းနောက်ခံလူ ဒန်နီရို့စ်အနေနဲ့ လာမယ့်ရာသီတွင် အသင်းမှာပွဲထွက်ခွင့်ပျောက်ဆုံးဖွယ်ရှီနေတာကြောင့် အသင်းပြောင်းရွှေ့ရန်ဆန္ဒရှိနေသည်။

♦ ဗလင်စီယာအသင်းသည် အာဆင်နယ်အသင်းနောက်ခံလူ ဂါဘရီရယ်လ်ကိုခေါ်ယူရန် ပြင်ဆင်နေခဲ့သည်။

♦ အေစီမီလန်အသင်းတိုက်စစ်မှူး ဘက်ကာသည် လာမယ့်ရာသီတွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးဖွယ်ရှိနေတာကြောင့် အသင်းဟောင်းဆီးဗီးလားအသင်းနဲ့ ပြန်လည်လက်တွဲဖွယ်ရှိနေသည်။

No comments:

Post a Comment